နေဟမိ 2:6 - Common Language Bible6 မိဖုရားနှင့်ယှဉ်တွဲ၍ထိုင်လျက်နေသော ဧကရာဇ်မင်းသည် ငါ၏လျှောက်ထား ချက်ကိုခွင့်ပြုတော်မူပြီးလျှင် ငါ့အား``သင် သည်အဘယ်မျှကြာအောင်သွားလိုပါ သနည်း။ အဘယ်အခါ၌ပြန်လာပါမည် နည်း'' ဟုမေးတော်မူ၏။ ငါသည်ပြန်လာ မည့်အချိန်ကိုလျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ထို အ ခါ၊ မြောက် သား တော် နှင့် နှစ် ပါး စံ နေ ခိုက်၊ သွား မည့် ကာ လ နှင့် ပြန် မည့် ကာ လ ကို မေး တော် မူ သည့် အ တိုင်း၊ အ ချိန် ကို ငါ တင် လျှောက် ပြီး မှ၊ ဘု ရင် မင်း သ ဘော တော် မြတ် သ ဖြင့်၊ ငါ့ ကို ခွင့် ပြု တော် မူ လိုက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှကာလ ကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည်နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက်ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ်လိုက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုအခါ မိဖုရားနှင့်အတူထိုင်နေသောရှင်ဘုရင်က “သင့်ခရီးစဉ် မည်မျှကြာမည်နည်း။ မည်သည့်အချိန်၌ ပြန်လာမည်နည်း”ဟု ငါ့အား မေးမြန်းလျှင် ငါသည် ကြာမည့်အချိန်ကို ပြောပြရာ မင်းကြီးက သဘောတူသဖြင့် ငါ့ကို ပြန်ခွင့်ပြု၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အမျိုးသားများသည်လည်းကြာမြင့် စွာယိုယွင်းပျက်စီးနေခဲ့သည့်အဆောက်အဦ များကိုအုတ်မြစ်ဟောင်းများအပေါ်တွင်ပြန် လည်တည်ဆောက်ရကြလိမ့်မည်။ သင်တို့သည် ပြိုပျက်လျက်ရှိသည့်မြို့ရိုးများကိုပြုပြင် လျက်၊ ယိုယွင်းပျက်စီးနေသောအဆောက် အဦများနှင့် လမ်းများကိုပြန်လည်တည် ဆောက်သူများဟုခေါ်ဝေါ်သမုတ်ခြင်း ကိုခံရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။
မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
ယခုဖော်ပြမည့်အချက်ကိုသတိပြု ၍နားလည်လော့။ ယေရုရှလင်မြို့ကိုပြန် လည်တည်ထောင်ရန်အမိန့်ပေးချိန်မှစ၍ ဘုရားသခင်ရွေးချယ်သည့်ခေါင်းဆောင် ပေါ်လာချိန်အထိ နှစ်ပေါင်းခုနစ်နှစ်နှင့် ခုနစ်လီရှိလိမ့်မည်။ ယေရုရှလင်မြို့သည် လမ်းများ၊ ခိုင်ခံ့သောမြို့ရိုးများနှင့်ပြန် လည်တည်ထောင်ခြင်းကိုခံရလိမ့်မည်။ ခုနစ်လီကြာအောင်တည်လိမ့်မည်။ သို့ ရာတွင်ထိုကာလသည်ဒုက္ခများရာ ကာလဖြစ်လိမ့်မည်။-