နေဟမိ 2:17 - Common Language Bible17 သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible17 ထို နောက် ငါ က၊ ယေ ရု ရှ လင် မြို့ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ တံ ခါး လည်း မီး လောင် ခြင်း၊ ငါ တို့ ခံ ရ သော ဒု က္ခ များ ကို သင် တို့ သိ မြင် ကြ၏။ ယေ ရု ရှ လင် မြို့ ရိုး ကို တည်၍ ကဲ့ ရဲ့ ခြင်း ကင်း အံ့ သော ငှာ၊ သွား ကြ ကုန် အံ့ ဟု ဆို လျက်၊ အခန်းကိုကြည့်ပါ။Judson Bible17 နောက်တစ်ဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရုရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့ဟု သူတို့အားဆိုလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထို့နောက်မှ ငါက “ငါတို့ခံရသောဒုက္ခကို သင်တို့တွေ့ပြီလော။ ဂျေရုဆလင်မြို့လည်း ပျက်စီးပြီ။ မြို့တံခါးများလည်း မီးလောင်ကျွမ်းပြီ။ လာကြ။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချမခံရအောင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြစို့”ဟု သူတို့အား ဆို၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကအသက်မသေဘဲကျန်ရှိကာ မိမိတို့ပြည်သို့ပြန်လည်ရောက်ရှိလာ သူတို့သည် များစွာဒုက္ခဆင်းရဲရောက်လျက်အနီးအနား တွင်နေထိုင်သူလူမျိုးခြားတို့၏အထင် သေးမှုကိုခံနေကြရကြောင်းငါ့အား ပြောကြားကြသည်။ ထို့ပြင်ယေရုရှလင် မြို့ရိုးများသည်ပြိုကျလျက်ပင်ရှိနေ သေးကြောင်းကိုလည်းကောင်း၊ မြို့တံခါး များကိုလည်းမီးလောင်ကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင်ပြန်လည်မပြင်ဆင်ရ သေးကြောင်းကိုလည်းကောင်းပြောကြား ကြ၏။-
ငါသည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ထိတ် လန့်တုန်လှုပ်သွားလောက်အောင် ဆိုးရွားသည့် ဘေးအန္တရာယ်ကိုသူတို့အပေါ်သို့သက် ရောက်စေမည်။ သူတို့အားလူတို့သည်ပြက် ရယ်ပြုကြလိမ့်မည်။ သူတို့၏အကြောင်း ကိုပြက်လုံးထုတ်လျက်သရော်ပြောဆို ကြလိမ့်မည်။ သူတို့အားငါကွဲလွင့်စေ သည့်အရပ်မှန်သမျှတို့၌လည်း သူတို့ ၏အမည်နာမကိုကျိန်ဆဲရာတွင် အသုံးပြုကြလိမ့်မည်။-
ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။-
အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။-
ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
အကျွန်ုပ်တို့သည်ကျွန်ခံလျက်နေကြရ သော်လည်း ကိုယ်တော်ရှင်သည်အကျွန်ုပ်တို့ ကိုစွန့်ပစ်တော်မမူပါ။ ကိုယ်တော်သည်ပေရသိ ဘုရင်တို့ရှေ့တွင် အကျွန်ုပ်တို့ကိုမျက်နှာသာ ရစေတော်မူ၍ အသက်ရှင်ခွင့်နှင့်ပျက်စီး ယိုယွင်းနေသည့်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ခွင့်နှင့် ယုဒပြည်နှင့်ယေရုရှလင် မြို့တို့တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ခွင့်ကို ပေးစေတော်မူပါ၏။