နေဟမိ 11:36 - Common Language Bible36 ယုဒနယ်မြေတွင်နေထိုင်ခဲ့သူလေဝိအနွယ် ဝင်အချို့တို့သည်ဗင်္ယာမိန်အနွယ်ဝင်များ နှင့်အတူနေထိုင်ရကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible36 ယု ဒ နယ် တွင် ခွဲ ခြား နေ ခဲ့ ရ သော လေ ဝိ ဂိုဏ်း သား အ ချို့ တို့ သည်၊ ဗင်္ယာ မိန် နယ်၌ ဝင် နေ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible36 လေဝိသားအသင်းအပေါင်း အချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း36 ယုဒပြည်ရှိ လေဝိအမျိုးအချို့တို့သည် ဗင်္ယာမိန်ပြည်၌ နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။ စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊