နေဟမိ 11:3 - Common Language Bible3 အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။ အခန်းကိုကြည့်ပါ။Garrad Bible3-4 ယု ဒ ပြည်၊ ပိုင် ဆိုင် ရာ မြို့ ရွာ များ တွင်၊ အ သည် သား များ၊ ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ၊ ကျွန် သီး တော် များ၊ ရှော လ မုန် မင်း ထား ခဲ့ သော ဘု ရား ကျွန် အ ဆက် အ နွယ် များ တို့ နေ ထိုင် ကြ ၏။ အ အုပ် အ ချုပ် တို့ နှင့် တ ကွ၊ ယု ဒ၊ ဗင်္ယာ မိန့် အ နွယ် သား တို့ အ နက်၊ ယေ ရု ရှ လင် မြို့၌ နေ ထိုင် ရ သူ တို့ ကား၊ ယု ဒ အ နွယ်၊ ဖာ ရက် အ ဆက်၊ မ ဟာ လေ လ၊ ရှေ ဖ တိ၊ အာ မ ရိ၊ ဇာ ခ ရိ၊ ဩ ဇိ တို့ မှ ဆင်း သက် သော အ သာ ယ။ အခန်းကိုကြည့်ပါ။Judson Bible3 ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန်၏ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ဤသို့ဖြင့် နယ်မြေခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြပြီး အစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။-
ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူလေဝိသားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။ ယောရှုနှင့်ကာဒမေလ(ဟောဒေဝ၏ သားမြေးများ) ၇၄ ဗိမာန်တော်ဂီတပညာသည်များ (အာသပ်၏သားမြေးများ) ၁၄၈ ဗိမာန်တော်အစောင့်တပ်သားများ (ရှလ္လုံ၊အာတာ၊တာလမုန်၊အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၈
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယ၊ပါဒုန်၊ လေဗန၊ဟာဂဗ၊ရှာလမဲ၊ ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ ရာယ၊ရေဇိန်၊နေကောဒ၊ ဂဇ္ဇမ်၊သြဇ၊ပါသာ၊ ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ ဗာရကုတ်၊သိသရ၊တာမ၊ နေဇိနှင့်ဟတိဖ။