နေဟမိ 1:9 - Common Language Bible9 သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ပြီးငါ၏အမိန့်တော်ကိုလိုက်နာကြလျှင် ကမ္ဘာမြေကြီးအစွန်အဖျားသို့ပင်ကွဲလွင့် လျက်နေစေကာမူ သင်တို့ကိုငါ့အားဝတ် ပြုကိုးကွယ်ရန် ရွေးချယ်သတ်မှတ်ထားသည့် ဌာနတော်သို့ပြန်လည်ပို့ဆောင်တော်မူ မည်။'' အခန်းကိုကြည့်ပါ။Judson Bible9 တစ်ဖန် ငါ့ထံသို့ ပြန်လာ၍၊ ငါ့ပညတ်တို့ကို ကျင့်စောင့်ပြန်လျှင်၊ မိုးကောင်းကင်အောက် အဝေးဆုံးသောအရပ်သို့ နှင်ထုတ်ခြင်းကို ခံရသော်လည်း၊ ထိုအရပ်က ငါသိမ်းယူ၍၊ ငါ့နာမတည်ရာဖို့ ငါရွေးချယ်သောအရပ်သို့ ဆောင်ခဲ့မည်ဟု ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ကတိတော်ကို အောက်မေ့တော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သို့သော် သင်တို့သည် ငါ့ထံပြန်လာ၍ ငါ့ပညတ်တို့ကို လိုက်နာစောင့်ထိန်းမည်ဆိုလျှင် မိုးကောင်းကင်အစွန်းသို့ နှင်ထုတ်ခြင်းခံရသော်လည်း ထိုအရပ်မှပြန်လည်စုစည်း၍ ငါ့နာမတည်စေရန် ငါရွေးချယ်ထားသောအရပ်သို့ ပြန်လည်ခေါ်ဆောင်လာမည်’ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်ကို သတိရတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
``အို လူမျိုးတကာတို့၊ငါထာဝရဘုရား မိန့်တော်မူ သည်ကိုနားထောင်၍ ငါ၏ဗျာဒိတ်တော်တို့ကိုရပ်ဝေးဒေသ များသို့ ကြွေးကြော်ကြလော့။ ဣသရေလအမျိုးသားတို့အားကွဲလွင့်စေသူ ငါသည်သူတို့ကိုစုသိမ်းမည်။ သိုးထိန်းသည်မိမိ၏သိုးစုကိုစောင့်ထိန်း သကဲ့သို့ သူတို့ကိုငါစောင့်ထိန်းမည်။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-