နေဟမိ 1:7 - Common Language Bible7 အကျွန်ုပ်တို့သည်ကိုယ်တော်အားဆိုးသွမ်း စွာပြစ်မှားကြပါပြီ။ ကိုယ်တော်၏အမိန့် တော်များကိုမလိုက်နာကြပါ။ ကိုယ်တော် ၏အစေခံမောရှေမှတစ်ဆင့်ပေးအပ်တော် မူသည့်ပညတ်တော်တို့ကိုမစောင့်ထိန်း ကြပါ။- အခန်းကိုကြည့်ပါ။Garrad Bible7 အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် မှ ဖောက် ပြန်၍၊ ကျွန် တော် ရင်း မော ရှေ အား ထား တော် မူ ခဲ့ သော မိန့် မှာ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို မ စောင့် ရှောက် လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible7 အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးတို့သည် ပြစ်မှားပါပြီ။ ကိုယ်တော်ကို ပြစ်မှား၍၊ အလွန်ဆိုးညစ်သော အမှုတို့ကို ပြုမိပါပြီ။ ကိုယ်တော်ကျွန်မောရှေ၌ ထားတော်မူသော ပညတ်တရား၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို မစောင့်ဘဲနေပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ကိုယ်တော်၏အစေအပါးမောရှေအား မိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို မလိုက်နာဘဲ ကိုယ်တော့်ရှေ့မှောက်တွင် ဆိုးညစ်မိုက်မဲသောအမှုကို အကျွန်ုပ်တို့ ပြုကြပါပြီ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။
ဧဇရသည်မောရှေအားဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ပေးအပ်တော်မူသည့်ပညတ်ကျမ်းကိုကြေ ညက်စွာတတ်မြောက်သူပညာရှိကြီးဖြစ် ၏။ ဧဇရသည်ဘုရားသခင်၏ကောင်းချီး မင်္ဂလာကိုခံစားရသူဖြစ်သဖြင့် မင်း ကြီးသည်သူတောင်းသမျှသောအရာ တို့ကိုပေးသနားတော်မူလေသည်။-
အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။
ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-