နာဟုံ 3:8 - Common Language Bible8 အို နိနေဝေမြို့၊ သင်သည်အီဂျစ်ပြည်၏မြို့ တော်သီဘီမြို့ထက်သာလွန်ကောင်းမွန်ပါ သလော။ ထိုမြို့တွင်လည်းမြို့ရိုးသဖွယ်ကာ ကွယ်မှုကိုပေးသည့်မြစ်တစ်ခုရှိပေသည်။ နိုင်းမြစ်ကားထိုမြို့၏ကွယ်ကာရာပင်တည်း။- အခန်းကိုကြည့်ပါ။Garrad Bible8 ကျုံး၊ မြို့ ရိုး၊ မီး ကာ များ အ ဖြစ်၊ နိ လ မြစ် ရှိ လျက်၊ မြစ် လက် ကြား အ လယ် တွင် တည် သော နော မုန် မြို့ ထက် သင် ခိုင် လုံ သ လော။ အခန်းကိုကြည့်ပါ။Judson Bible8 သင်သည် မြစ်ကြားမှာ တည်သော နောမုန်မြို့ထက် ကြီးမြတ်သလော။ ထိုမြို့ကို ရေဝိုင်းလျက်၊ ပင်လယ်သည် မြို့ကျုံးဖြစ်၏။ မြို့ရိုးလည်း ပင်လယ်နှင့် စပ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သင်သည် ရေပတ်လည်ဝိုင်းလျက် ပင်လယ်တံတိုင်း၊ ရေမြို့ရိုးဖြင့်ကာရံထား၍ နိုင်းမြစ်နံဘေးတွင်တည်သော နောအာမုန်မြို့ထက် ခိုင်ခံ့သလော။ အခန်းကိုကြည့်ပါ။ |
စပျစ်ရည်ခွက်ဖလားမှအမျက်တော်ရည် ကိုသောက်ရကြသည့်အခြားသူများ၏ စာရင်းမှာ၊ အီဂျစ်ဘုရင်မှူးမတ်များနှင့်ခေါင်းဆောင်များ၊ အီဂျစ်အမျိုးသားများနှင့်အီဂျစ်ပြည်ရှိ လူမျိုးခြားရှိသမျှ၊ ဥဇပြည်မင်းအပေါင်း၊ ဖိလိတ္တိပြည်ရှိအာရှကေလုန်မြို့၊ဂါဇမြို့၊ ဧကြုန်မြို့တို့မှဘုရင်အပေါင်းနှင့်အာဇုတ် မြို့သား အကြွင်းအကျန်ရှိသမျှ၊ ဧဒုံပြည်၊မောဘပြည်နှင့်အမ္မုန်ပြည်သား အပေါင်း၊ တုရုနှင့်ဇိဒုန်ဘုရင်အပေါင်း၊ ပင်လယ်ရပ်ခြားမြေထဲပင်လယ်ဒေသတွင် အုပ်စိုးသည့်ဘုရင်အပေါင်း၊ ဒေဒန်မြို့၊တေမမြို့နှင့်ဗုဇမြို့တို့မှ မြို့သူမြို့သားအပေါင်း၊ နဖူးပေါ်မှဆံပင်တိုညှပ်သူမှန်သမျှ၊ အာရပ်ဘုရင်အပေါင်း၊ သဲကန္တာရတွင်နေထိုင်သူလူမျိုးခြားတို့အား အစိုးရသည့်ဘုရင်အပေါင်း၊ ဇိမရိပြည်၊ဧလံပြည်နှင့်မေဒိပြည်ဘုရင် အပေါင်းနှင့် မြောက်ဘက်ရှိရပ်နီးရပ်ဝေးမှဘုရင် အပေါင်းတို့ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့သည် ထိုအမျက်တော်ရည်ကိုသောက်ရကြ၏။ နောက်ဆုံးသောက်ရမည့်သူမှာဗာဗုလုန် ဘုရင်ဖြစ်ပေသည်။