Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဒံ​ယေ​လ 6:15 - Common Language Bible

15 ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 တစ် ဖန် ထို သူ တို့ သည် ရှေ့ တော် သို့ ဝင် ရောက် စု ရုံး ပြီး လျှင် ဘု ရင် မင်း မြတ် အ တည် ပြု ပြီး သော ဥ ပ ဒေ ကို မ ပြောင်း မ လဲ ရ ကြောင်း၊ မေ ဒိ ပေ ရ သိ လူ မျိုး ဓ မ္မ သတ်၌ ပါ သည် ကို သိ မှတ် တော် မူ ပါ ဟု တင် လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို​သူ​တို့​က​လည်း ရှင်ဘုရင်​ထံ အုပ်စုလိုက်​သွား​၍ “​အို အရှင်မင်းကြီး​၊ မေဒိ​နှင့် ပါးရှား​တို့​၏​ပယ်ဖျက်​၍​မ​ရ​သော​ဥပဒေ​နှင့်အညီ ရှင်ဘုရင်​အတည်ပြု​ထား​သော​မည်သည့်​အမိန့်​၊ မည်သည့်​ပြဋ္ဌာန်းချက်​ကို​မျှ ပြုပြင်​ပြောင်းလဲ​၍​မ​ရ​ကြောင်း သိမှတ်​တော်မူ​ပါ​”​ဟု ရှင်ဘုရင်​အား လျှောက်ဆို​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 6:15
4 ပူးပေါင်းရင်းမြစ်များ  

တစ်​စု​တစ်​ရုံး​တည်း​ဘု​ရင့်​ရှေ့​တော်​သို့​ဝင်​၍ ဒံ​ယေ​လ​အား​ပြစ်​တင်​စွပ်​စွဲ​ကြ​ကုန်​၏။ သူ တို့​က``အ​ရှင်​မင်း​ကြီး​ကိုယ်​တော်​သည်​နောက် ရက်​ပေါင်း​သုံး​ဆယ်​တိုင်​တိုင်​အ​ရှင်​မင်း​ကြီး မှ​လွဲ​၍ အ​ခြား​လူ​ထံ​သော်​လည်း​ကောင်း၊ ဘု​ရား​ထံ​သော်​လည်း​ကောင်း​ဆု​တောင်း​သူ မည်​သူ​မ​ဆို​ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​စေ​ဟူ​သော​အ​မိန့်​တော် ကို​လက်​မှတ်​ရေး​ထိုး​တော်​မူ​ခဲ့​သည် မဟုတ်​ပါ​လော'' ဟု​မေး​လျှောက်​ကြ​၏။ မင်း​ကြီး​က``ထို​အ​မိန့်​သည်​ပြောင်း​လဲ​၍ မ​ရ​သော​မေ​ဒိ​နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏ ဋ္ဌမ္မ​သတ်​အ​တိုင်း​မှန်​ပေ​၏'' ဟု​မိန့်​တော် မူ​၏။


သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။


ထို​အ​မိန့်​တော်​ကို​အ​ရှင်​မင်း​ကြီး​ထုတ် ၍​တံ​ဆိပ်​ခတ်​နှိပ်​၍​လက်​မှတ်​ရေး​ထိုး တော်​မူ​ပါ​လျှင် ယင်း​အ​မိန့်​တော်​သည်​ပြင် ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​သော​မေ​ဒိ​နှင့် ပါ​ရှ​လူ​မျိုး​များ​၏​ဋ္ဌမ္မ​သတ်​ဖြစ်​လာ ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ