ဒံယေလ 6:14 - Common Language Bible14 ဤလျှောက်ထားချက်ကိုမင်းကြီးကြား တော်မူလျှင် အလွန်စိတ်မချမ်းမသာဖြစ် တော်မူလျက်ဒံယေလအားကယ်ဆယ်ရန် နည်းလမ်းကိုနေဝင်သည်တိုင်အောင်အစွမ်း ကုန်ကြိုးစား၍ရှာကြံတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို စ ကား ကို ကြား လျှင် ဘု ရင် မင်း သည် အ လွန် စိတ် မ သာ ယာ သ ဖြင့် ဒံ ယေ လ ကို လွတ် မြောက် စေ ခြင်း ငှာ စိတ် အား ကြီး ၍ နေ ဝင် သည့် တိုင် အောင် ကြိုး စား လေ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထိုစကားကိုကြားသောအခါ ရှင်ဘုရင်သည် အလွန်စိတ်ထိခိုက်ပြီး ဒံယေလကိုကယ်မည်ဟု စိတ်ပိုင်းဖြတ်လျက် နေဝင်သည့်တိုင်အောင် ဒံယေလလွတ်မြောက်မည့်လမ်းကို ကြိုးပမ်းရှာကြံလျက်နေ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။