| ဒံယေလ 6:11 - Common Language Bible11 သူ၏ရန်သူတို့သည်ဘုရားသခင်အား ဒံယေလဆုတောင်းပတ္ထနာပြုလျက်နေ သည်ကိုမြင်သောအခါ၊-အခန်းကိုကြည့်ပါ။ Garrad Bible11 ထို သို့ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ဒံ ယေ လ ဆု တောင်း၍ အ သ နား တော် ခံ လျက် နေ သည် ကို ထို သူ တို့ စု ရုံး တွေ့ မြင် ကြ သော အ ခါ၊အခန်းကိုကြည့်ပါ။ Judson Bible11 ထိုသို့ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း11 ထိုအခါ လူတို့သည် အုပ်စုလိုက်ရောက်လာ၍ ဒံယေလသည် မိမိဘုရားသခင်ရှေ့တော်တွင် ဆုတောင်းအသနားခံနေသည်ကို တွေ့သောအခါအခန်းကိုကြည့်ပါ။ | 
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-