Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 5:16 - Common Language Bible

16 သင်​သည်​တိမ်​မြုပ်​နေ​သော​အ​နက်​တို့​ကို​ဖော် ထုတ်​နိုင်​၍ လျှို့​ဝှက်​ခက်​ခဲ​သော​အ​ရာ​တို့​ကို ရှင်း​လင်း​ဖော်​ပြ​နိုင်​ကြောင်း​ငါ​ကြား​သိ​တော် မူ​ရ​သည်။ သင်​သည်​ဤ​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့​အား​ဖော်​ပြ​နိုင်​ပါ​လျှင် ငါ​သည် သင့်​အား​တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ် စေ​၍​ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​ဆွဲ စေ​လျက် ငါ​၏​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန် ခိုး​အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဆ ရာ သည် အ နက် ကို ဖော် ပြ လျက် ပြဿ နာ များ ကို လည်း ဖြေ နိုင် ကြောင်း ငါ ကြား ရ သည့် အ လျောက် ထို စာ ကို ဖတ်၍ အ နက် ဖော် ပြ နိုင် လျှင် နီ မောင်း သော ဝတ် လုံ ကို ဆင် ယင် လျက် လည်၌ ရွှေ စ လွယ် တင် သ ဖြင့် အ မြတ် ဆုံး သော မင်း သုံး ပါး တို့ ရာ ထူး တွင် ခန့် ထား မည် ဟု မိန့် ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​သည် အ​နက်​များ​ကို​ဖော်​ပြ၍ ပု​စ္ဆာ​အ​မေး​တို့​ကို ဖြေ​နိုင်​သည်​ဟု ငါ​ကြား​ပြီး​သည်​အ​တိုင်း၊ ထို​စာ​ကို​ဖတ်၍ အ​နက်​ကို ငါ့​အား​ဖော်​ပြ​နိုင်​လျှင်၊ အ​ဝတ်​နီ​ကို​ဝတ်​ဆင်၍ လည်​ပင်း၌ ရွှေ​စ​လွယ်​ဆွဲ​လျက်၊ နိုင်​ငံ​တော်​တွင် တ​တိ​ယ​မင်း​ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​သည် အနက်အဓိပ္ပာယ်​များ​ကို ဖွင့်ပြ​ပေး​နိုင်​ကြောင်း​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​ကြောင်း​ကို ငါ​ကြားသိ​ရ​၏​။ ယခု သင်​သည် ထို​စာ​ကို​ဖတ်​၍ ငါ့​အား အနက်အဓိပ္ပာယ်​ကို ဖော်ပြ​ပေး​နိုင်​လျှင် ခရမ်းရောင်​ဝတ်ရုံ​ကို ဝတ်ဆင်​၍ လည်​တွင် ရွှေ​စလွယ်​ဆင်​ကာ တတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​အဖြစ် နိုင်ငံ​ကို အုပ်ချုပ်​ခွင့်​ရ​မည်”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 5:16
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က``ငါ​တို့​တစ်​ယောက်​စီ​အိပ်​မက်​မြင်​မက် ကြ​ပါ​သည်။ သို့​ရာ​တွင်​အိပ်​မက်​၏​အ​နက်​ကို ဖွင့်​ပြ​နိုင်​သူ​မ​ရှိ​ပါ'' ဟု​ဖြေ​ကြ​၏။ ယော​သပ်​က``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​နိုင်​စွမ်း ကို​ထာ​ဝ​ရ​ဘု​ရား​သာ​ပေး​ပါ​သည်။ သင်​တို့ ၏​အိပ်​မက်​များ​ကို​ကျွန်​တော်​အား​ပြော​ပြ ပါ'' ဟု​ဆို​လေ​၏။


ဘု​ရင်​က​ယော​သပ်​အား``ငါ​သည်​အိပ်​မက်​ကို မြင်​မက်​၏။ သို့​ရာ​တွင်​မည်​သူ​မျှ​အ​နက်​ကို​ဖွင့် မ​ပြ​နိုင်။ သင်​သည်​အိပ်​မက်​အ​နက်​ကို​ဖွင့်​ပြ နိုင်​စွမ်း​ရှိ​ကြောင်း​ငါ​ကြား​သိ​ရ​သည်'' ဟု မိန့်​တော်​မူ​၏။


ဖာ​ရော​ဘု​ရင်​သည်​မိ​မိ​၏​တံ​ဆိပ်​တော်​ပါ ရှိ​သော​လက်​စွပ်​ကို​ချွတ်​ပြီး​လျှင် ယော​သပ် ၏​လက်​တွင်​ဝတ်​ဆင်​ပေး​တော်​မူ​၏။ ယော​သပ် အား​ပိတ်​ချော​ဝတ်​ရုံ​ကို​လည်း​ဝတ်​စေ​၍ လည်​ပင်း​တွင်​ရွှေ​စ​လွယ်​ကို​ဆွဲ​ပေး​တော် မူ​၏။-


ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ကြီး မြင့်​သော​ရာ​ထူး​ဖြင့်​ချီး​မြှင့်​တော်​မူ​ပြီး လျှင် အ​ဖိုး​တန်​ဆု​တော်​လာဘ်​တော်​အ​မြောက် အ​မြား​ကို​ပေး​အပ်​ကာ​ဗာ​ဗု​လုန်​နိုင်​ငံ​ရှိ အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း​တို့​၏​ခေါင်း ဆောင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ဗာ​ဗု​လုန် ပြည်​နယ်​ကို​အုပ်​စိုး​ရ​သော​မင်း​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-


သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​ငါ​၏ အိပ်​မက်​ကို​လည်း​ကောင်း၊ အ​နက်​ကို​လည်း ကောင်း​ဖော်​ပြ​နိုင်​ပါ​က ငါ​သည်​သင်​တို့ အား​ဆု​လာဘ်​များ​ပေး​၍​ဂုဏ်​ပြု​ချီး​မြှင့် မည်။ သို့​ဖြစ်​၍​အိပ်​မက်​ကို​လည်း​ကောင်း၊ အိပ်​မက်​၏​အ​နက်​ကို​လည်း​ကောင်း​ဖော် ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


ထို​အ​ခါ​ချက်​ချင်း​ပင်​ဗေ​လ​ရှာ​ဇာ​မင်း သည် ဒံ​ယေ​လ​အား​တော်​ဝင်​ခ​ရမ်း​ရောင် ဝတ်​လုံ​ကို​ဝတ်​ဆင်​စေ​၍ လည်​ပင်း​၌​ဂုဏ် ထူး​ဆောင်​ရွှေ​စ​လွယ်​ကို​ဆွဲ​စေ​ပြီး​နောက် ဒံ​ယေ​လ​အား​နိုင်​ငံ​တော်​တွင်​တ​တိ​ယ တန်​ခိုး​အ​ကြီး​ဆုံး​ရာ​ထူး​တွင်​ခန့်​ထား တော်​မူ​၏။-


သို့​ဖြစ်​၍​ပ​ယော​ဂ​ဆ​ရာ​များ၊ မှော်​ဆ​ရာ များ​နှင့်​နက္ခတ်​ဆ​ရာ​များ​ကို​ခေါ်​သွင်း​ရန် ဟစ်​အော်​၍ မင်း​ချင်း​တစ်​ယောက်​အား​စေ​ခိုင်း တော်​မူ​၏။ ထို​သူ​တို့​ရောက်​ရှိ​လာ​ကြ​သော အ​ခါ​မင်း​ကြီး​က``ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက်​ကို​ငါ့အား​ပြော​ကြား​နိုင်​သူ​အား တော်​ဝင်​ခ​ရမ်း​ရောင်​ဝတ်​လုံ​ကို​ဝတ်​စေ​မည်။ ဂုဏ်​ထူး​ဆောင်​ရွှေ​စ​လွယ်​တော်​ကို​လည်း​ဆွဲ စေ​လျက်​နိုင်​ငံ​တော်​တွင်​တ​တိ​ယ​တန်​ခိုး အ​ကြီး​ဆုံး​သော​သူ​အ​ဖြစ်​ငါ​ခန့်​ထား မည်'' ဟု​မိန့်​တော်​မူ​၏။-


ဒံ​ယေ​လ​နှင့်​အ​ခြား​သူ​နှစ်​ယောက်​တို့ အား​ဘု​ရင်​ခံ​များ​ကို​ကွပ်​ကဲ​ကြီး​ကြပ် ရန်​နှင့် ဘု​ရင့်​အ​ကျိုး​တော်​ကို​စောင့်​ရှောက် ရန်​အ​တွက်​ရွေး​ချယ်​ခန့်​ထား​တော်​မူ​၏။-


ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ