Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:23 - Common Language Bible

23 အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သန့် ရှင်း သော စောင့် ကြည့် တတ် သူ တစ် ပါး က၊ သစ် ပင် ကို ခုတ် လှဲ ဖျက် ဆီး လော့။ သို့ ရာ တွင် အ မြစ် အ ငုတ် ကို သံ ကြေး ကြိုး ဖြင့် ချည် လျက် နု သော မြက် ခင်း တွင် မြေ၌ ခြွင်း ထား စေ။ ကာ လ ခု နစ် ခု မြောက် သည့် တိုင် အောင် မိုး နှင်း စို စွတ် ခြင်း ကို ခံ၍ သား ယဉ် သား ရဲ တို့ နှင့် အ တူ မြက် ဝေ ပုံ ကို စား စေ ဟု ကောင်း ကင် မှ ကြွေး ကြော် လျက် သက် ဆင်း သည် ကို မြင် တော် မူ သည် ၏ အ နက် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သစ်​ပင်​စောင့်၊ သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ​ဆင်း​လာ၍၊ သစ်​ပင်​ကို ခုတ်​လှဲ​ဖျက်​ဆီး​လော့။ သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို ခြွင်း​ထား၍ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌​ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့​ဟု​ဆို​သည်​မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို့ပြင် သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်​ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ဖျက်ဆီး​ပစ်​လော့​။ သို့သော် မြေကြီး​ထဲ​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တောတိရစ္ဆာန်​တို့​နှင့်အတူ ခုနစ်​နှစ်​ပတ်လုံး မြက်ပင်​ကို အတူ​စား​ပါစေ​’​ဟု မိန့်ဆို​သည်​ကို အရှင်မင်းကြီး မြင်မက်​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:23
4 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​တ​မန်​များ​သည်​သစ်​ငုတ်​ကို မြေ​တွင် ချန်​ထား​ခဲ့​ရန်​အ​မိန့်​ပေး​သည်​နှင့် အ​ညီ​အ​ရှင်​သည် ကမ္ဘာ​ကို​ဘုရား​သ​ခင် အ​စိုး​ရ​ကြောင်း​သိ​မှတ်​ဝန်​ခံ​သော​အ​ခါ အ​ရှင်​၏​ထီး​နန်း​ကို​ပြန်​လည်​ရ​ရှိ​ပါ လိမ့်​မည်။-


သူ​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​မှ​နှင်​ထုတ်​ခြင်း ကို​ခံ​ရ​ကာ​တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​လာ​လေ သည်။ မြည်း​ရိုင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​၍​နွား ကဲ့​သို့​မြက်​ကို​စား​ခဲ့​ရ​ပါ​၏။ အ​ကွယ် အ​ကာ​မ​ရှိ​ဘဲ​ဆီး​နှင်း​တော​တွင်​စက်​တော် ခေါ်​ခဲ့​ရ​လေ​သည်။ နောက်​ဆုံး​၌​အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​သ​ခင်​သည်​လော​ကီ​နိုင်​ငံ တို့​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ မည်​သူ​အား​မ​ဆို​ဤ​နိုင်​ငံ​များ​ကို​ပေး တော်​မူ​နိုင်​ကြောင်း​ကို​မင်း​ကြီး​ဝန်​ခံ​တော် မူ​ခဲ့​ပါ​၏။-


ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က အ​ခြား တစ်​ပါး​အား``ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​ရှိ​ရ သည့်​အ​ရာ​များ​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဖြစ်​ပျက်​နေ​ပါ​မည်​နည်း။ နေ့​စဉ်​ယဇ်​ပူ​ဇော် ခြင်း​ကို​ကြောက်​မက်​ဖွယ်​ရာ​အ​ပြစ်​ဒု​စ​ရိုက် ဖြင့်​အ​စား​ထိုး​မှု​သည်​လည်း​ကောင်း၊ ကောင်း ကင်​ဗိုလ်​ခြေ​နှင့်​ဗိ​မာန်​တော်​ကို​နင်း​ချေ​မှု သည်​လည်း​ကောင်း​အ​ဘယ်​မျှ​ကြာ​ဖြစ် ပျက်​လိမ့်​မည်​နည်း'' ဟု​မေး​သည်​ကို​ငါ ကြား​ရ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ