ဒံယေလ 3:30 - Common Language Bible30 ထိုနောက်မင်းကြီးသည် ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့အား ဗာဗုလုန်ပြည် နယ်တွင်ပိုမိုကြီးမြင့်သည့်ရာထူးများ ဖြင့်ချီးမြှင့်တော်မူလေသည်။ အခန်းကိုကြည့်ပါ။Judson Bible30 ဗာဗုလုန်နိုင်ငံတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချီးမြှောက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း30 ထို့နောက် ရှင်ဘုရင်သည် ဘေဘီလုံနယ်မြေတွင် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချီးမြှင့်မြှောက်စားလေ၏။ အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-