ဒံယေလ 3:24 - Common Language Bible24 ထိုအခါနေဗုခဒ်နေဇာသည်အံ့အားသင့် လျက် ရုတ်တရက်ထတော်မူပြီးလျှင် မိမိ ၏အတိုင်ပင်ခံအရာရှိများအား``ငါတို့ သည်လူသုံးယောက်တို့ကိုတုပ်နှောင်၍ပြင်း စွာအလျှံထလျက်ရှိသည့်မီးဖိုကြီးထဲ သို့ပစ်ချခဲ့ကြသည်မဟုတ်ပါလော'' ဟု မေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ထို အ ခါ နေ ဗု ခဒ် နေ ဇာ မင်း သည် အံ့ ဩ၍ အ ဆော တ လျင် ထ ပြီး လျှင် လူ သုံး ယောက် တို့ ကို မီး ထဲ သို့ တုပ် နှောင် ပစ် ချ သည် မ ဟုတ် တုံ လော ဟု မှူး မတ် တို့ အား မေး တော် မူ ရာ မှန် ပါ၏။ ဘု ရင် မင်း မြတ် ဟု တင် လျှောက် ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible24 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အံ့ဩမိန်းမော၍ အလျင်တဆောထပြီးလျှင်၊ လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည် မဟုတ်လောဟု တိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ မှူးမတ်တို့ကလည်း၊ မှန်ပါ၏ဘုရားဟု ပြန်လျှောက်ကြလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် အလွန်အံ့အားသင့်လျက် ရုတ်တရက်ထ၍ မိမိအတိုင်ပင်ခံတို့အား “ငါတို့သည် လူသုံးဦးကိုတုပ်နှောင်၍ မီးထဲသို့ပစ်ချခဲ့သည်မဟုတ်လော”ဟု မေးရာ သူတို့ကလည်း “မှန်ပါသည် အရှင်မင်းကြီး”ဟု ပြန်လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့က``မှန်ပါသည်အရှင်မင်းကြီး'' ဟုလျှောက်ထားလျှင်၊ မင်းကြီးက``ယင်းသို့ဖြစ်ပါမူမီးထဲတွင် လူလေးယောက်သွားလာနေသည်ကိုအဘယ် ကြောင့်ငါမြင်ရပါသနည်း။ သူတို့အား တုပ်နှောင်ထားခြင်းလည်းမရှိ၊ သူတို့သည် မီးလောင်ခံကြရပုံလည်းမပေါ်။ ထို့ပြင် စတုတ္ထလူသည်ကောင်းကင်တမန် နှင့်တူသည်'' ဟုမိန့်တော်မူ၏။
ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-