ဒံယေလ 3:23 - Common Language Bible23 သို့ဖြစ်၍ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့သည် တုပ်နှောင်လျက်ပင်ပြင်းစွာအလျှံ ထလျက်နေသောမီးဖိုကြီးထဲသို့ကျ ရောက်သွားကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible23 ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ၊ သုံး ဦး တို့ မူ ကား တုပ် နှောင် သည့် အ တိုင်း တောက်လောင် သော မီး ပုံ ထဲ သို့ ကျ ရောက် ကြ လေ၏။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုသူသုံးယောက်တို့မူကား၊ တုပ်နှောင်လျက် ပြင်းစွာလောင်သော မီးဖိုထဲသို့ ကျရောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သုံးဦးတို့သည်လည်း တုပ်နှောင်ခံရလျက်ပင် မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ရောက်သွားလေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။