ဒံယေလ 3:22 - Common Language Bible22 မင်းကြီးကြပ်တည်းစွာမိန့်မှာတော်မူခဲ့သည့် အတိုင်း မီးဖိုကြီးကိုအလွန့်အလွန်ပူအောင် ပြုလုပ်ထားသဖြင့်ရှာဒရက်၊ မေရှက်၊ အဗေ ဒနေဂေါတို့အားမီးဖိုကြီးသို့သယ်ဆောင် လာသောသူတို့သည် မီးလျှံအရှိန်ကြောင့် သေကြကုန်၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ဘု ရင့် အ မိန့် တော် ပြင်း ထန် သ ဖြင့် မီး ပုံ လည်း ပူ ရှိန် ကြီး လွန်း သော ကြောင့် ရှာ ဒ ရက်၊ မေ ရှက်၊ အ ဗေ ဒ နေ ဂေါ တို့ ကို ချီ မြှောက် ချ သူ တို့ သည် မီး ရှိန် သင့်၍ သေ ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ရှင်ဘုရင်၏ အမိန့်တော်ကျပ်တည်း၍ မီးဖိုသည် အလွန်ပူသောကြောင့်၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲချသော သူတို့သည် မီးလျှံအရှိန်ကြောင့် သေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ပြင်းထန်သောဘုရင့်အမိန့်တော်ကြောင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဆွဲခေါ်လာသူတို့ပင် မီးပြင်းဖိုမှ မီးလျှံအပူရှိန်ကြောင့် သေကြကုန်၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မင်းကြီးသည်ဒံယေလအားပြစ် တင်စွပ်စွဲကြသူအပေါင်းတို့ကိုဖမ်းဆီး စေပြီးလျှင် သူတို့၏သားမယားများနှင့် တကွခြင်္သေ့တွင်းထဲသို့ပစ်ချရန်အမိန့် ပေးတော်မူ၏။ မြေသို့မရောက်ရှိမီပင်သူ တို့အားခြင်္သေ့တို့သည်ခုန်အုပ်ပြီးလျှင် အရိုးပါမကျန်ကိုက်စားလိုက်ကြလေ သည်။