ဒံယေလ 3:11 - Common Language Bible11 ထိုအရုပ်ကြီးအားဦးညွှတ်ခြင်းမပြုသူ ဟူသမျှသည် ပြင်းစွာအလျှံထလျက်နေ သောမီးဖိုကြီးထဲသို့ပစ်ချခြင်းကိုခံစေ ဟူ၍အရှင်အမိန့်တော်ထုတ်ပြန်ခဲ့ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ပျပ် ဝပ် ရှိ ခိုး ခြင်း ကို မ ပြု သူ မည် သူ မ ဆို၊ တောက် လောင် သော မီး ပုံ ထဲ သို့ ပစ် ချ ခံ စေ ဟု ဘု ရင် မင်း မြတ် အ မိန့် ထုတ် ဆင့် တော် မူ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible11 မပျပ်ဝပ်မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ချပစ်စေဟု အမိန့်တော်မြတ်ရှိပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 မပျပ်ဝပ် မရှိခိုးသောသူ မည်သူမဆို မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ပစ်ချခြင်းခံရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ပါ၏။ အခန်းကိုကြည့်ပါ။ |
ဗာဗုလုန်နယ်ကိုအုပ်ချုပ်ရန်အရှင်မင်း ကြီးတာဝန်ပေးထားသူရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါဟူသောယုဒအမျိုး သားများသည် အရှင်၏အမိန့်တော်ကို မနာခံဘဲနေကြပါ၏။ သူတို့သည် အရှင်၏ဘုရားကိုရှိမခိုးကြပါ။ အရှင် တည်ထားသည့်ရွှေရုပ်ကြီးကိုလည်းဦး မညွှတ်ကြပါ'' ဟုလျှောက်ထားကြ၏။
ထိုအခါသူတို့သည်မင်းကြီးအား``ယုဒ ပြည်မှဖမ်းဆီးခဲ့သူများအနက်တစ်ဦး ဖြစ်သူဒံယေလသည်အရှင်မင်းကြီး အားရိုသေလေးစားမှုမရှိ။ အရှင်ထုတ် ပြန်သည့်အမိန့်တော်ကိုလည်းမလိုက်နာ။ သူသည်တစ်နေ့လျှင်သုံးကြိမ်တိုင်တိုင် အချိန်မှန်မှန်ဆုတောင်း၍နေပါသည်'' ဟုလျှောက်ထားကြ၏။
အရှင်မင်းကြီးသည်အမိန့်တော်တစ်ရပ် ကိုထုတ်ဆင့်ကာ ထိုအမိန့်တော်ကိုလူတို့ တိကျစွာလိုက်နာကြစေသင့်ကြောင်းကြီး ကြပ်ရေးအဖွဲ့ဝင်များ၊ ဘုရင်ခံများ၊ လက် ထောက်ဘုရင်ခံများနှင့်အကြံပေးအရာ ရှိများဖြစ်သည့်နိုင်ငံတော်ကိုစီမံအုပ်ချုပ် ကြသူ အကျွန်ုပ်တို့အားလုံးသဘောတူညီ ကြပါ၏။ ရက်ပေါင်းသုံးဆယ်တိုင်တိုင် အဘယ်သူမျှအရှင်မင်းကြီးမှလွဲ၍ အခြားလူထံသော်လည်းကောင်း၊ ဘုရား ထံသော်လည်းကောင်းဆုတောင်းသူမည်သူ မဆို ခြင်္သေ့လှောင်သောတွင်းထဲသို့ပစ်ချ ခြင်းကိုခံစေဟူသောအမိန့်ထုတ်တော် မူပါ။-