ဒံယေလ 2:18 - Common Language Bible18 ``ငါတို့သည်ဗာဗုလုန်မြို့၌ရှိသောအခြား အတိုင်ပင်ခံအရာရှိများနှင့်အတူကွပ်မျက် ခြင်းမခံကြရလေအောင် ကောင်းကင်ဘုံရှင် ဘုရားသခင်သည်ကရုဏာထားတော်မူ၍ ခက်ခဲနက်နဲသောအိပ်မက်ကိုငါတို့အား ရှင်းလင်းဖော်ပြတော်မူရန်အထံတော်သို့ ဆုတောင်းပတ္ထနာပြုကြကုန်အံ့'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Judson Bible18 ငါတို့သည် အခြားသော ဗာဗုလုန်ပညာရှိတို့နှင့်အတူ မသေမပျောက်စေခြင်းငှာ၊ ဤနက်နဲသောအရာ၌ ကရုဏာ ကျေးဇူးတော်ကို ခံရမည်အကြောင်း၊ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဆုတောင်းကြကုန်အံ့ဟု ပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဤနက်နဲသောအရာကြောင့် ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားဘေဘီလုံပညာရှိတို့နှင့်အတူ ကွပ်မျက်မခံရစေရန် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းအသနားခံကြမည့်အကြောင်း တိုက်တွန်းလေ၏။ အခန်းကိုကြည့်ပါ။ |
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဘုရားကြည်ညိုသူတို့အားမိမိ တို့ခံရသောစုံစမ်းနှောင့်ယှက်ခြင်းများမှ ကယ်တင်တော်မူရန်လည်းကောင်း၊ သူယုတ်မာ များအထူးသဖြင့်မိမိတို့၏ကိလေသာ စိတ်ဆွဲဆောင်ရာသို့လိုက်၍ ဘုရားသခင် အာဏာတော်ကိုမထီမဲ့မြင်ပြုသူများ အားတရားစီရင်တော်မူရာနေ့တိုင်အောင် ပြစ်ဒဏ်ပေးထားရန်လည်းကောင်းထာဝရ ဘုရားပြုတော်မူတတ်၏။ ထိုမိစ္ဆာဆရာတို့သည်အတင့်ရဲ၍မာန ထောင်လွှားလျက် တန်ခိုးကြီးသောကောင်း ကင်သားတို့အားမရိုသေဘဲစော်ကား ပြောဆိုကြ၏။-