ထွက်မြောက် 33:22 - Common Language Bible22 ငါ၏တောက်ပသောဘုန်းအသရေတော် ဖြတ်သန်းသွားသည့်အခါ၊ ငါသည်သင့်အား ကျောက်ဆောင်ကြားတွင်နေစေ၍၊ ငါလွန် သွားသည်တိုင်အောင်သင့်ကိုငါ၏လက် တော်ဖြင့်ဖုံးအုပ်ထားမည်။- အခန်းကိုကြည့်ပါ။Garrad Bible22 ငါ့ ဘုန်း တော် ထင် ရှား သော အ ခါ သင့် ကို ကျောက် ကြား၌ သွင်း ထား၍ ငါ လွန် သွား သည့် တိုင် အောင် လက် တော် ဖြင့် ဖုံး ထား မည်။ အခန်းကိုကြည့်ပါ။Judson Bible22 ငါ့ဘုန်းလျှောက်သွားသောအခါ၊ သင့်ကိုကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည်အခိုက်၊ သင့်ကို ငါ့လက်နှင့်ဖုံးအုပ်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ငါ၏ဘုန်းအသရေဖြတ်သွားစဉ် သင့်ကို ထိုကျောက်ဆောင်၏အက်ကွဲကြောင်း၌ ထား၍ ငါကျော်လွန်သွားသည်အထိ သင့်ကို ငါ့လက်ဖြင့် အုပ်မိုးထားမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။
ငါတို့ဟောပြောသောတရားမှာဘုရားသခင် သည်ခရစ်တော်အားဖြင့်လူသားအပေါင်းတို့ အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်း ဆိုင်ရာတရားဖြစ်၏။ ကိုယ်တော်သည်လူသား တို့၏အပြစ်ဒုစရိုက်များကိုမှတ်ထားတော် မမူ။ လူသားတို့အားမိမိ၏မိတ်ဆွေများ ဖြစ်စေတော်မူခြင်းတည်းဟူသောတရား ကိုငါတို့အားပေးအပ်တော်မူပေသည်။