ထွက်မြောက် 30:34 - Common Language Bible34 ထာဝရဘုရားကမောရှေအား``မွှေးကြိုင် သောနံ့သာမျိုးဖြစ်သည့်အကျော်၊ စံပါ၊ ကရမက်၊ လော်ဗန်စေးစစ်စစ်တို့ကို၊ ဆတူ ချိန်ယူလော့။- အခန်းကိုကြည့်ပါ။Garrad Bible34 တစ် ဖန် ထာ ဝ ရ ဘု ရား သည် မော ရှေ အား မိန့် တော် မူ သည် မှာ အ ကျော်၊ စံ ပါ၊ က ရ မက် တည်း ဟူ သော နံ့ သာ မျိုး ကို လော ဗန် စေး နှင့် တ ကွ အ ညီ အ မျှ ယူ၍၊ အခန်းကိုကြည့်ပါ။Judson Bible34 တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသောငါးခွံ၊ ဂါလဗန်စေး၊ စင်သောလောဗန်စေးတို့ကို အညီအမျှချိန်ယူ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 တစ်ဖန် ထာဝရဘုရားက မောရှေအား “သစ်စေး၊ ရှက်ဟေလစ်နှင့် ဂါလဗန်စေးစသော အမွှေးအကြိုင်များနှင့်အတူ သန့်စင်သောလော်ဗန်ကို ယူလော့။ ထိုအမွှေးအကြိုင်များနှင့် သန့်စင်သောလော်ဗန်သည် ဆတူဖြစ်ရမည်။ အခန်းကိုကြည့်ပါ။ |
ဘောဇဉ်ပူဇော်သကာများ၊ နံ့သာပေါင်း၊ ဗိမာန်တော်အသုံးအဆောင်များမှစ၍ ယဇ်ပုရောဟိတ်များအတွက်လှူရသော အလှူများနှင့်လေဝိအနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည်များ၊ ဗိမာန် တော်အစောင့်တပ်သားများအတွက် ဆယ် ဖို့တစ်ဖို့ပေးလှူသောဆန်စပါး၊ စပျစ် ရည်နှင့်သံလွင်ဆီကိုသိုလှောင်ရန်အတွက် သာလျှင် အသုံးပြုသောအခန်းကြီးကို တောဘိအားအသုံးပြုခွင့်ပေးထားလေ သည်။-
သူသည်ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင် ပူဇော်ရန်မတတ်နိုင်လျှင် အပြစ်ဖြေရာယဇ် အဖြစ်မုန့်ညက်နှစ်ပေါင်ကို ယဇ်ပုရောဟိတ် ထံသို့ယူဆောင်ခဲ့ရမည်။ ယင်းပူဇော်ခြင်း သည်ဘောဇဉ်သကာပူဇော်ခြင်းမဟုတ်။ အပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ခြင်းဖြစ် သောကြောင့် မုန့်ညက်ပေါ်တွင်သံလွင်ဆီ သို့မဟုတ်၊ အမွှေးနံ့သာကိုမလောင်းရ။-
သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။ သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။ မွှေးကြိုင်သောနံ့သာပေါင်းကို တောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။