Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 28:37 - Common Language Bible

37 န​ဖူး​အ​ထက်​ခေါင်း​ပေါင်း​ပေါ်​တွင်​ထို​ရွှေ ပြား​ကို​ကြိုး​ပြာ​ဖြင့်​ချည်​ထား​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

37 ဗောင်း ရှေ့ တွင် ကြိုး ပြာ နှင့် ချည် ထား လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

37 ပြာ​သော​ကြိုး​နှင့် ဗောင်း​ရှေ့၌​ချည်​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

37 ထို​ရွှေစင်ပြား​ကို ခေါင်းပေါင်း​ပေါ်၌ အပြာရောင်​ကြိုး​ဖြင့်​ချည်​ပြီး ခေါင်းပေါင်း​ရှေ့ဘက်ခြမ်း​၌​ရှိ​စေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 28:37
10 ပူးပေါင်းရင်းမြစ်များ  

ရင်​ဖုံး​မှ​ကွင်း​များ​ကို​သင်​တိုင်း​မှ​ကွင်း​များ နှင့်​ကြိုး​ပြာ​ဖြင့်​ချည်​ထား​သ​ဖြင့်၊ ရင်​ဖုံး​သည် လျှော​မ​ကျ​ဘဲ​ရင်​စည်း​အ​ထက်​တွင်​တည်​မြဲ နေ​မည်။


``သင်​တိုင်း​ပေါ်​တွင်​ဝတ်​ရ​သော​ဝတ်​ရုံ​ကို သိုး​မွေး​အ​ပြာ​ဖြင့်​ချုပ်​လုပ်​ရ​မည်။-


``ရွှေ​ပြား​တစ်​ချပ်​ကို​ပြု​လုပ်​ပြီး​လျှင် `ထာ ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟူ​၍ ကမ္ပည်း​ထိုး​ထား​လော့။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ရာ​၌​မှား ယွင်း​ချွတ်​ချော်​မှု​ရှိ​သော်​လည်း၊ ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​နိုင်​ရန်​အာ​ရုန်​သည်​ရွှေ ပြား​ကို​န​ဖူး​ပေါ်​တွင်​တပ်​ဆင်​ထား​ရ​မည်။


ထို​သူ​တို့​ချုပ်​လုပ်​ရ​မည့်​အ​ထည်​ဝတ်​စုံ​တို့ သည်​ကား ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​ရုံ၊ ပန်း​ဖောက်​ထား သော​အင်္ကျီ၊ ခေါင်း​ပေါင်း၊ ခါး​ပန်း​တို့​ဖြစ်​သည်။ ထို အ​ဝတ်​တန်​ဆာ​တို့​သည်​သင်​၏​အစ်​ကို​အာ​ရုန် နှင့်​သူ​၏​သား​များ​သည်၊ ယဇ်​ပု​ရော​ဟိတ်​များ အ​ဖြစ် ငါ​၏​အ​မှု​ကို​ထမ်း​ဆောင်​ရာ​၌​ဝတ် ဆင်​ရ​မည့်​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ဖြစ် သည်။-


ဦး​ခေါင်း​ပေါ်​တွင်​ခေါင်း​ပေါင်း​ကို​တင်​၍ `ထာ​ဝ​ရ ဘု​ရား​အား ဆက်​ကပ်​ထား​သည်' ဟု​ကမ္ပည်း​ထွင်း ထား​သော​ရွှေ​ပြား​ကို​ခေါင်း​ပေါင်း​ပေါ်​တွင် ချည်​ရ​မည်။-


အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။


သူ​သည်​မိ​မိ​၏​အ​စေ​အ​ပါး​တို့​အား​ယော​ရှု ၏​ဦး​ခေါင်း​ထက်​တွင်​ဖြူ​စင်​သန့်​ရှင်း​သည့် ပေါင်း​ထုပ်​တစ်​ခု​ကို​တပ်​ဆင်​ပေး​ရန်​ခိုင်း​စေ သ​ဖြင့် ထို​သူ​တို့​သည်​လည်း​ယင်း​သို့​ခိုင်း စေ​သည့်​အ​တိုင်း​ပြု​ကြ​၏။ ထို​နောက်​သူ​တို့ သည်​ယော​ရှု​အား​အ​ဝတ်​သစ်​များ​ကို​ဝတ် ဆင်​ပေး​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း ကင်​တ​မန်​သည်​လည်း​အ​နီး​တွင်​ရပ်​လျက် နေ​၏။


``သင်​တို့​၏​အ​ဝတ်​အင်္ကျီ​ထောင့်​စွန်း​များ တွင်​ပန်း​ပွား​များ​ပြု​လုပ်​၍ ပန်း​ပွား​တစ်​ခု စီ​တွင်​ကြိုး​ပြာ​တပ်​ထား​ရ​မည်။ သင်​တို့ အ​မျိုး​အ​စဉ်​အ​ဆက်​ဤ​ပ​ညတ်​ကို​စောင့် ထိန်း​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ