ထွက်မြောက် 18:14 - Common Language Bible14 လူတို့အတွက်မောရှေဆောင်ရွက်ရသမျှကို ယေသရောမြင်ရသောအခါမောရှေအား``သင် သည်ဤလူတို့အတွက်မည်သည့်အမှုကိစ္စကို ဆောင်ရွက်ပေးနေပါသနည်း။ အဘယ်ကြောင့် တစ်ယောက်တည်းဆောင်ရွက်နေပါသနည်း။ လူ အပေါင်းတို့သည်သင့်ထံ၌တစ်နေကုန်ရပ် လျက်စောင့်နေကြပါသည်တကား'' ဟုဆို လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 လူ မျိုး အ ပေါ် မော ရှေ ပြု ရ သ မျှ ကို ယော က္ခ မ မြင် လျှင် လူ များ တို့ အ ပေါ် ပြု ရ သော အ မှု ကား အ သို့ နည်း။ သင် သည် တစ် ယောက် တည်း ထိုင် လျက် လူ အ ပေါင်း တို့ လည်း နံ နက် မှ စ၍ ညဉ့် ဦး တိုင် အောင် သင့် ရှေ့ မှာ အ ဘယ် ကြောင့် နေ ရ ကြ သ နည်း ဟု မေး သော်၊ အခန်းကိုကြည့်ပါ။Judson Bible14 မောရှေသည် လူများတို့အားပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှုအဘယ်သို့နည်း။ သင်သည် တစ်ယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ညဉ့်ဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
မောရှေ၏ယောက္ခမမှဆင်းသက်လာသောကေနိ အမျိုးသားတို့သည်စွန်ပလွံပင်များပေါသည့် ယေရိခေါမြို့မှယုဒပြည်အာရဒ်မြို့တောင် ဘက်ရှိတောကန္တာရဒေသသို့ ယုဒအနွယ်ဝင် များနှင့်အတူထွက်ခွာသွားကြ၏။ ထိုနောက် သူတို့သည်အာမလက်အမျိုးသားတို့အထဲ တွင်အတည်တကျနေထိုင်ကြလေသည်။-
သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-