ထွက်မြောက် 16:8 - Common Language Bible8 တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 တစ် ဖန် မော ရှေ က၊ ထာ ဝ ရ ဘု ရား သည် ညဉ့် ဦး၌ သင် တို့ စား ရန် အ သား ကို လည်း ကောင်း၊ နံ နက်၌ ဝ လောက် အောင် မု့န် ကို လည်း ကောင်း၊ ပေး သ နား တော် မူ သော အ ခါ သိ မြင် ကြ လိမ့် သ တည်း။ ထာ ဝ ရ ဘု ရား အား သင် တို့ ညည်း ညူ သော အ သံ ကို ကြား တော် မူ ပြီ။ ငါ တို့ ကား မည် သို့ သော သူ နည်း။ သင် တို့ ညည်း ညူ ခြင်း သည် ငါ တို့ နှင့် မ ဟုတ်၊ ထာ ဝ ရ ဘု ရား နှင့် သာ ဆန့် ကျင် ဘက် ဖြစ် သည် ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible8 တစ်ဖန်လည်းမောရှေက၊ ထာဝရဘုရားသည် ညဉ့်ဦးယံ၌ သင်တို့စားစရာအမဲသားကိုလည်းကောင်း၊ နံနက်ယံ၌ဝလောက်အောင် မုန့်ကိုလည်းကောင်း ပေးတော်မူသောအခါ၊ ဤစကားပြည့်စုံလိမ့်မည်။ သင်တို့သည် အပြစ်တင်လျက်မြည်တမ်းကြသောအသံကို ထာဝရဘုရားကြားတော်မူပြီ။ ငါတို့သည် အဘယ်သို့သောသူဖြစ်သနည်း။ သင်တို့သည်အပြစ်တင်လျက် မြည်တမ်းကြသော စကားသည်၊ ငါတို့ကိုမထိမခိုက်၊ ထာဝရဘုရားကိုထိခိုက်သည်ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်လူများသည်မောရှေထံသို့လာ ၍``အကျွန်ုပ်တို့သည်ထာဝရဘုရားနှင့်ကိုယ် တော်ကို ဆန့်ကျင်ပြောဆို၍ပြစ်မှားမိပါပြီ။ ဤမြွေများကိုဖယ်ရှားပစ်ရန်ထာဝရဘုရား ထံဆုတောင်းပေးပါလော့'' ဟုတောင်းပန်ကြ၏။ သို့ဖြစ်၍မောရှေသည် သူတို့အတွက်ထာဝရ ဘုရားထံဆုတောင်းလေ၏။-
လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။
ယခုသင်သည်သူတို့အားဤသို့မှာကြား လော့။ သူတို့သည်နက်ဖြန်နေ့အတွက်မိမိ တို့ကိုယ်ကိုသန့်စင်စေရမည်။ သူတို့သည် အသားကိုစားရလိမ့်မည်။ သူတို့သည်အီဂျစ် ပြည်၌အသားကိုစားရကြောင်း၊ ယခုသူ တို့အသားကိုစားလို၍ညည်းညူနေကြောင်း ကို ထာဝရဘုရားကြားတော်မူပြီ။ ထာဝရ ဘုရားသည်သူတို့စားရန်အသားကိုပေး တော်မူမည်ဖြစ်၍သူတို့စားရလိမ့်မည်။-