တရားဟော 9:8 - Common Language Bible8 သိနာတောင်မှာပင်ကိုယ်တော်ကို သင်တို့အား သေကြေပျက်စီးစေလောက်အောင်အမျက် တော်ထွက်စေခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဟော ရပ် တောင် တွင် ပင်၊ ထာ ဝ ရ ဘု ရား ကို အ မျက် တိုက် ပြု မိ ကြ သည့် အ တွက်၊ ထာ ဝ ရ ဘု ရား သည် ပယ် ရှား အံ့ သော အ မျက် ထား တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက်တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဟောရပ်တောင်၌လည်း သင်တို့သည် ထာဝရဘုရားကို အမျက်ထွက်စေသဖြင့် ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် အမျက်ထွက်တော်မူခဲ့၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-