တရားဟော 9:5 - Common Language Bible
5 သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သင် တို့ ဖြောင့် မတ် ခြင်း၊ စိတ် သ ဘော ရိုး သား ခြင်း များ ကြောင့်၊ ချင်း တို့ ပြည် ကို အ ပိုင် ရ ခြင်း ငှါ၊ ဝင် ရောက် ခွင့် ရ ကြ သည် မ ဟုတ်။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး တို့ ဆိုး သွမ်း ခြင်း ကို ထောက်၍၊ ဘိုး ဘေး များ ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား သ စ္စာ ဆို တော် မူ ချက် ကို အ တည် ပြု အံ့ သော ငှါ၊ သင် တို့ ရှေ့ နှင် ထုတ် တော် မူ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သင်ပြုသောကုသိုလ်ကြောင့်လည်းကောင်း၊ ဖြောင့်မတ်သော သဘောကြောင့်လည်းကောင်း၊ ထိုပြည်ကိုသွား၍ ဝင်စားရမည်မဟုတ်။ ထိုလူမျိုးတို့၏မကောင်းမှုကြောင့်လည်းကောင်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသောစကားတော်ကို တည်စေလိုသောငှာလည်းကောင်း၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်ရှေ့မှနှင်ထုတ်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
5 သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ