တရားဟော 32:21 - Common Language Bible
21 သူတို့၏ရုပ်တုဘုရားများဖြင့်ငါ့အား အမျက်ထွက်စေကြ၏။ သူတို့၏ဘုရားအတုအယောင်များအားဖြင့် ပြိုင်ဘက်ကိုလုံးဝလက်မခံနိုင်သော ငါ၏စိတ်တော်ကိုလှုံ့ဆော်ကြ၏။ သို့ဖြစ်၍မရေရာသောလူမျိုးအားဖြင့် သူတို့အားဒေါသထွက်စေမည်။ မိုက်မဲသောလူမျိုးအားဖြင့်သူတို့အား မနာလိုစိတ်ဖြစ်ပေါ်စေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 ဘု ရား မ စစ် ဖြင့် မ ရှု ဆိတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ အ န တ္တ များ ဖြင့် အ မျက် တော် တိုက် ခြင်း ကိုလည်း ကောင်း၊ ပြု ကြ သည့် အ လျောက်၊ ငါ လည်း လူ မျိုး မ စစ် ဖြင့် မ ရှု ဆိတ် ခြင်း၊ ယုတ် မာ သော လူ မျိုး ခြား ဖြင့် အ မျက် တိုက် ခြင်း ကို ပြု တော် မူ လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 ဘုရားမဟုတ်သောအရာအားဖြင့် ငါသည် ငြူစူသောစိတ်ရှိစေခြင်းငှာ ပြုကြပြီ။ အချည်းနှီးသောအရာအားဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မရေရာသောလူမျိုးအားဖြင့် သူတို့သည် ငြူစူသောစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ပညာမရှိသောလူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှာလည်းကောင်း ငါပြုမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
21 သူတို့သည် ဘုရားမဟုတ်သောအရာများဖြင့် ငါ့ကို သဝန်တိုစေကြပြီ။ အချည်းနှီးသောအရာများဖြင့် ငါ့ကို အမျက်ထွက်စေကြပြီ။ သို့ဖြစ်၍ ငါသည် မပြောပလောက်သောလူမျိုးဖြင့် သူတို့ကို သဝန်တိုစေမည်။ မိုက်မဲသောလူမျိုးဖြင့် သူတို့ကို အမျက်ထွက်စေမည်။
အခန်းကိုကြည့်ပါ။ ကော်ပီ