တရားဟော 31:7 - Common Language Bible7 ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible7 မော ရှေ သည် ယော ရှု ကို ခေါ် လျက်၊ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် မှာ ထား သည် ကား အား ယူ၍ ရဲ ရင့် လော့။ ဘိုး ဘေး တို့ အား ပေး ရန် ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် ကို ဤ လူ မျိုး နှင့် တ ကွ ဝင် သွား သ ဖြင့် အ ပိုင် ပေး ခွင့် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible7 တစ်ဖန် ယောရှုကိုခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ထို့နောက် မောရှေသည် ယောရှုကိုခေါ်၍ အစ္စရေးလူမျိုးအပေါင်းတို့၏ရှေ့၌ သူ့အား “အားယူ၍ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား ထိုပြည်ကို ဤလူမျိုးတို့အားပေးမည်ဟု သူတို့၏ဘိုးဘေးတို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ သင်သည် သူတို့နှင့်အတူဝင်ရောက်၍ ထိုပြည်ကို သူတို့၏ အမွေဖြစ်စေရမည်။ အခန်းကိုကြည့်ပါ။ |
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။