Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 3:18 - Common Language Bible

18 ``တစ်​ချိန်​တည်း​မှာ​ပင် ငါ​သည်​သူ​တို့​အား`ငါ တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​တွင်​ရှိ​သော​ဤ​ပြည် ကို သင်​တို့​အား​သိမ်း​ယူ​စေ​တော်​မူ​ပြီ။ ယ​ခု သင်​တို့​၏​စစ်​သူ​ရဲ​တို့​ကို​လက်​နက်​စွဲ​ကိုင် စေ​လော့။ အ​ခြား​သော​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​နယ်​မြေ​ရ​ရှိ​ရေး​အ​တွက် စစ်​ကူ တိုက်​ခိုက်​ရန်​သူ​တို့​အ​လျင်​ယော်​ဒန်​မြစ် ကို​ဖြတ်​ကူး​စေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ထို ကာ လ သင် တို့ အား ငါ က၊ ဤ ပြည် နယ် ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သည့် အ တိုင်း၊ သင် တို့ အ နက် ရဲ မက် အ ပေါင်း တို့ သည်၊ ဆွေ မျိုး ရင်း ချာ ဖြစ် သော ဣ သ ရေ လ အ မျိုး သား တို့ ရှေ့၊ လက် နက် စွဲ ကိုင် လျက် ကူး ချီ ရာ တွင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို​အချိန်​၌ ငါ​သည် သင်​တို့​အား ‘​သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​ပြည်​ကို သင်​တို့​အား အပိုင်​ပေး​တော်မူ​ပြီ​။ သို့သော် ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​သည် လက်နက်ကိုင်စွဲ​လျက် သင်​တို့​ညီအစ်ကို​အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 3:18
18 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဘု​ရား​သ​ခင်​က``ငါ​သည်​သင့်​အား ဤ ပြည်​ကို​အ​ပိုင်​စား​ပေး​ရန်​သင့်​ကို​ဗာ​ဗု​လုန် ပြည်၊ ဥ​ရ​မြို့​မှ​ခေါ်​ဆောင်​ခဲ့​သော​ထာ​ဝ​ရ ဘု​ရား​ဖြစ်​သည်'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​သည်​သူ​တို့​၏​ပြည်​နယ်​များ​ကို မိ​မိ​၏​လူ​စု​တော်​အား​ပေး​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-


``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''


ထို​ပြည်​ကို​သုံး​ပိုင်း​ပိုင်း​၍​တစ်​ပိုင်း​စီ​တွင် လွယ် ကူ​စွာ​သွား​ရောက်​နိုင်​သော​မြို့​တစ်​မြို့​ကို​ရွေး ချယ်​လော့။ လူ​တစ်​စုံ​တစ်​ယောက်​ကို​သတ်​မိ သော​သူ​သည် ထို​မြို့​များ​အ​နက်​တစ်​မြို့ မြို့​သို့​ပြေး​၍​ခို​လှုံ​နိုင်​သည်။-


ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''


``အ​ကယ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် ကွင်း​ပြင်​၌ လက်​သည်​မ​ပေါ်​သော​လူ​သေ​အ​လောင်း​တစ်​ခု ကို​တွေ့​ရ​အံ့။-


သို့​ဖြစ်​၍​သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ရောက်​၍ ပတ်​ဝန်း​ကျင်​ရန်​သူ​တို့​၏​တိုက်​ခိုက်​မှု​မှ​ကင်း လွတ်​ပြီး​အေး​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​တစ်​ယောက် မ​ကျန်​သုတ်​သင်​ပစ်​ရန်​မ​မေ့​ကြ​နှင့်။


သင်​ကိုယ်​တိုင်​မူ​ကား​ငါ​နှင့်​အ​တူ​နေ​ရစ်​လော့။ ငါ​ပေး​မည့်​ပြည်​တွင်​သူ​တို့​လိုက်​နာ​စောင့်​ထိန်း ရန် ပ​ညတ်​တော်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​သင့်​အား​ငါ​ဆင့်​ဆို​မည်။ ထို​ပညတ်​တော် များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​သူ​တို့​အား သွန်​သင်​လော့' ဟု မိန့်​တော်​မူ​၏။-


``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-


သင်​တို့​နှင့်​ထိုက်​တန်​သ​ဖြင့်​ထို​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သော​ပြည်​ကို သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခြင်း​မ​ဟုတ်​ကြောင်း​သိ မှတ်​ကြ​လော့။ သင်​တို့​သည်​ခေါင်း​မာ​သော လူ​မျိုး​ဖြစ်​၏။''


စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ