Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 3:12 - Common Language Bible

12 ``ငါ​တို့​သည်​ဤ​ပြည်​ကို​သိမ်း​ပိုက်​စဉ်​အ​ခါ က အာ​နုန်​မြစ်​အ​နီး​ရှိ၊ အာ​ရော်​မြို့​မှ​စ​၍ ဂိ​လဒ်​တောင်​ကုန်း​ဒေ​သ​တစ်​ဝက်​နှင့် ယင်း​ဒေ​သ ရှိ​မြို့​များ​ကို​ရုဗင်​အ​နွယ်​နှင့်​ဂဒ်​အ​နွယ်​တို့ အား​ငါ​ခွဲ​ဝေ​ပေး​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို ကာ လ ငါ တို့ ပိုင် ရ သော ပြည် နယ် အ နက်၊ အာ နုန် ချောင်း အ နီး ရှိ အာ ရော် မြို့ မှ၊ ဂိ လဒ် ခင် တန်း တစ် ဝက် နယ် ကြား အ ထိ မြို့ ရွာ ရှိ သ မျှ ပါ ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ အား ငါ ပေး ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထို​အချိန်​၌ ငါ​တို့​သိမ်းပိုက်​ခဲ့​သော​မြေ​ကို ရုဗင်​အမျိုး​နှင့်​ဂဒ်​အမျိုး​တို့​အား အာနုန်​ချောင်း​နံဘေး​ရှိ​အာရော်​မြို့​မှ ဂိလဒ်​တောင်ပေါ်ဒေသ​တစ်ဝက်​အထိ မြို့​များ​နှင့်တကွ ငါ​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 3:12
10 ပူးပေါင်းရင်းမြစ်များ  

ယော်​ဒန်​မြစ်​အရှေ့​ဘက်​ရှိ​ဣ​သ​ရေ​လ​နယ် မြေ​အား​လုံး​ကို တောင်​ဘက်​အာ​နုန်​မြစ်​ကမ်း ပေါ်​ရှိ​အာ​ရော်​မြို့​သို့​တိုင်​အောင်​သိမ်း​ယူ​လေ သည်။ ထို​နယ်​မြေ​တွင်​ဂဒ်၊ ရုဗင်​နှင့်​အ​ရှေ့​မ​နာ ရှေ​မျိုး​နွယ်​စု​တို့​နေ​ထိုင်​ရာ​ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​တို့​ပါ​ဝင်​၏။


ထို့​ကြောင့်​မော​ရှေ​သည်​မာ​ခိ​ရ​သား​ချင်း​စု အား​ဂိ​လဒ်​ပြည်​ကို​ပေး​သ​ဖြင့် သူ​တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​ကြ​၏။-


ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အာ​နုန်​ချိုင့်​ကမ်း​ပေါ်​ရှိ​အာ​ရော်​မြို့​နှင့်​ချိုင့်​လယ် ရှိ​မြို့​မှ​စ​၍ ဂိလဒ်​မြို့​တိုင်​အောင်​မြို့​ရှိ​သ​မျှ​ကို ငါ​တို့​အား​သိမ်း​ပိုက်​စေ​တော်​မူ​၏။ မည်​သည့်​မြို့ မှ​ငါ​တို့​ကို​မ​ခု​ခံ​နိုင်။-


ဤ​အ​ရပ်​သို့​ငါ​တို့​ရောက်​ရှိ​သော​အ​ခါ ဟေ​ရှ​ဘုန်​ဘု​ရင်​ရှိ​ဟုန်​နှင့်​ဗာ​ရှန်​ဘု​ရင် သြ​ဃ​တို့​သည်​ထွက်​၍ ငါ​တို့​အား​တိုက် ခိုက်​ခဲ့​ကြ​သည်။ သို့​ရာ​တွင်​ငါ​တို့​သည် သူ တို့​ကို​တိုက်​ခိုက်​အောင်​မြင်​သ​ဖြင့်၊-


သူ​တို့​၏​ပြည်​ကို​သိမ်း​ယူ​၍​ရုဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်​နှင့်​မ​နာ​ရှေ​၏​အ​နွယ်​တစ်​ဝက် တို့​အား​ခွဲ​ဝေ​ပေး​ခဲ့​သည်။-


ဂိ​လဒ်​ပြည်​ကျန်​တစ်​ဝက်​နှင့်​သြဃ​ဘု​ရင်​အုပ် စိုး​သော​ဗာ​ရှန်​ပြည်​အား​လုံး၊ တစ်​နည်း​အား ဖြင့်​အာ​ဂေါ​ဘ​ဒေ​သ​တစ်​ခု​လုံး​ကို မ​နာ​ရှေ အ​နွယ်​တစ်​ဝက်​တို့​အား​ငါ​ခွဲ​ဝေ​ပေး​၏။'' (ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​ကို ရီ​ဖိမ်​လူ​မျိုး တို့​၏​ပြည်​ဟူ​၍​ခေါ်​တွင်​ခဲ့​သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိမ်း​ပိုက်​သော နယ်​မြေ​သည် အာ​နုန်​မြစ်​အ​နီး​ရှိ​အာ​ရော် မြို့​မှ​ဟေ​ရ​မုန်​ခေါ်​စိ​ယုန်​တောင်​အ​ထိ ကျယ်​ပြန့်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ