Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 26:16 - Common Language Bible

16 ``သင်​တို့​သည်​ဤ​ပ​ညတ်​တော်​အား​လုံး​ကို လိုက်​နာ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ယ​နေ့​တွင်​မိန့်​မှာ​တော်​မူ​၏။ သို့ ဖြစ်​၍​ယင်း​ပ​ညတ်​များ​ကို​တစ်​သ​ဝေ မ​တိမ်း​လိုက်​လျှောက်​ရန်​အ​စွမ်း​ကုန်​အား ထုတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဤ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို လိုက် နာ ကြ ရန်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ယ နေ့ မိန့် မှာ တော် မူ သည့် အ လျောက်၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ စောင့် ရှောက် လိုက် နာ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ယ​ခု​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​အ​တိုင်း ကျင့်​ရ​မည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​ဖြစ်၍ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကျင့်​စောင့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဤ​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို​လိုက်နာ​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ယနေ့​မိန့်မှာ​တော်မူ​ပြီ​ဖြစ်၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 26:16
17 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အား​ငါ​ပေး​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ထိန်း​ကြ​စေ​ရန်​သူ​တို့​အား​သွန်​သင်​ကြ​လော့။ ငါ​သည်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​တိုင်​အောင်​သင်​တို့ နှင့်​အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​၏။ ရှင်​မ​ဿဲ​ခ​ရစ်​ဝင်​ပြီး​၏။


``သင်​တို့​သည်​ငါ့​ကို​ချစ်​လျှင်​ငါ့​ပ​ညတ် တို့​ကို​စောင့်​ထိန်း​လိမ့်​မည်။-


``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​သော​ကျင့်​ဝတ်​ကား​ဤ​သို့​တည်း၊ ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍၊-


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။-


``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။-


``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-


သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''


ထာ​ဝ​ရ​ဘု​ရား​သည် သင်​၏​ဘု​ရား​သ​ခင် ဖြစ်​သည်​ဟု​ယ​နေ့​သင်​ဝန်​ခံ​ပြီ။ သင်​တို့ သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား​ထောင် ရန်​လည်း​ကောင်း၊ ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ရန်​လည်း​ကောင်း၊ မိန့်​မှာ​တော်​မူ သ​မျှ​ကို​လိုက်​နာ​ရန်​လည်း​ကောင်း​က​တိ ပေး​ခဲ့​ပြီ။-


သို့​ရာ​တွင်​သင်​တို့​သည် ထို​နိုင်​ငံ​များ​၌​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​စွမ်း ရှိ​သ​မျှ​နှင့်​ရှာ​လျှင်​တွေ့​လိမ့်​မည်။-


``သင်​တို့​အား​သွန်​သင်​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​အပ်​တော်​မူ​သော ပ​ညတ်​တော်​များ​သည်​ကား ဤ​သို့​တည်း။ သင် တို့​ဝင်​ရောက်​သိမ်း​ယူ​မည့်​ပြည်​တွင် ဤ​ပညတ် တော်​များ​ကို​လိုက်​နာ​စောင့်​ထိန်း​ကြ​လော့။-


ထာ​ဝ​ရ​ဘု​ရား​ပြ​ဋ္ဌာန်း​တော်​မူ​သော ပ​ညတ် အား​လုံး​ကို​လိုက်​နာ​ရန်​သ​တိ​ပြု​လော့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ အ​စွမ်း​သတ္တိ​ရှိ​သ​မျှ​နှင့်​ချစ်​လော့။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ