တရားဟော 24:18 - Common Language Bible18 သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံခဲ့ဖူး ကြောင်းကိုလည်းကောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အား လွတ်မြောက်စေတော်မူခဲ့ကြောင်းကိုလည်း ကောင်းသတိရကြလော့။ ထို့ကြောင့်ငါသည် သင်တို့အားဤပညတ်ကိုပေး၏။ အခန်းကိုကြည့်ပါ။Garrad Bible18 အိ ဂျစ် ပြည် တွင် ကျွန် ခံ ရ သော သင် တို့ ကို ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး နုတ် တော် မူ ခဲ့ ကြောင်း အောက် မေ့ ရ သည် နှင့် အ ညီ ထို သို့ လိုက် နာ ကြ ရန် ငါ မိန့် မှာ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible18 သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဖူးကြောင်းကိုလည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ငါထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်တော်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``သင်တို့သည်ကောက်ပင်များကိုရိတ်သိမ်း သောအခါ ကျန်ရစ်သောကောက်လှိုင်းများကို တစ်ပတ်ပြန်ကြော့၍မစုသိမ်းရ။ ထိုကောက် လှိုင်းများကိုလူမျိုးခြားများ၊ မိဘမဲ့ ကလေးများနှင့်မုဆိုးမများအတွက်ချန် ထားခဲ့ရမည်။ ယင်းအတိုင်းပြုပါမူသင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့ပြုလေသမျှကိုကောင်းချီးပေးတော်မူ လိမ့်မည်။-