တရားဟော 24:13 - Common Language Bible13 သူသည်ထိုအင်္ကျီကိုဝတ်၍အိပ်နိုင်ရန်ည နေတိုင်းပြန်ပေးလော့။ ထိုအခါသူသည် သင့်အားကျေးဇူးတင်လိမ့်မည်။ သင်၏ ဘုရားသခင်ထာဝရဘုရားသည်လည်း သင့်ကိုနှစ်သက်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Judson Bible13 သူသည် မိမိအဝတ်ကိုဝတ်ခြုံလျက် အိပ်ပျော်၍ သင့်ကိုကောင်းချီးပေးမည် အကြောင်း၊ သူပေါင်၍ထားသော ဥစ္စာကို နေဝင်လျှင် ဆက်ဆက်ပြန်အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအမှု ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။''
``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-