Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 19:8 - Common Language Bible

8 ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ကတိ​ထား​တော်​မူ သည့်​အ​တိုင်း သင်​တို့​၏​နယ်​ကျယ်​ပြန့်​လာ​ပြီး လျှင် ကတိ​ထား​တော်​မူ​သော​မြေ​အား​လုံး ကို​အ​ပိုင်​ရ​ရှိ​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8-10 ယ နေ့ ငါ ဆင့် ဆို သ မျှ သော ဤ ပ ညတ် ကို စောင့် ရှောက် လိုက် နာ လျက်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး လျက် နည်း လမ်း တော် တိုင်း၌ အ စဉ် လိုက် လျှောက် ကြ သည့် အ လျောက်၊ သင် တို့ ဘု ရား သခင် ထာ ဝ ရ ဘု ရား သည်၊ ဘိုး ဘေး တို့ အား သ စ္စာ ဆို တော် မူ ခဲ့ သော တစ် ပြည် လုံး ကို က တိ တော် အ တိုင်း ပေး သ နား၍ ပြည် နယ် ကို ကျယ် ဝန်း စေ တော် မူ သော်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ပြည် တွင် အ ပြစ် ကင်း သူ၏ အ သွေး ကို သွန်း မိ သ ဖြင့်၊ သင် တို့ အ ပေါ်၌ သွေး သွန်း ပြစ် မ တည် စေ ရန်၊ ထို သုံး မြို့ ပြင် သုံး မြို့ ကို ထပ် မံ သီး ခြား ထား ကြ ဦး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8-10 ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​၏​ဘုရားသခင်​ထာဝရဘုရား​က သင့်​ဘိုးဘေး​တို့​အား ကျိန်ဆို​ခဲ့​သည့်​အတိုင်း သင်​၏​နယ်မြေ​ကို ကျယ်ပြန့်​စေ​၍ သင့်​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကတိထား​တော်မူ​ခဲ့​သည့် ပြည်​တစ်ပြည်လုံး​ကို သင့်​အား ပေး​တော်မူ​လျှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 19:8
9 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ သူ​တို့​၏​နယ်​မြေ​သည်​အ​ရပ် လေး​မျက်​နှာ​သို့​ကျယ်​ပြန့်​လိမ့်​မည်။ ငါ​သည် သင်​နှင့်​သင်​၏​အ​ဆက်​အ​နွယ်​တို့​အား​ဖြင့် ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား​ကောင်း ချီး​ပေး​မည်။-


ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။


တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-


ငါ​သည်​သင်​တို့​တိုင်း​ပြည်​၏​နယ်​နိ​မိတ်​ကို ပင်​လယ်​နီ​မှ​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း၊ တော​ကန္တာ​ရ​မှ​ဥ​ဖ​ရတ်​မြစ်​သို့​လည်း​ကောင်း ကျယ်​ပြန့်​စေ​မည်။ ငါ​သည်​ထို​ပြည်​သား​တို့ ကို​သင်​တို့​၏​လက်​သို့​အပ်​သ​ဖြင့် သင်​တို့​သည် သူ​တို့​အား​နှင်​ထုတ်​နိုင်​လိမ့်​မည်။-


ငါ​သည်​အ​ခြား​လူ​မျိုး​များ​ကို​သင်​တို့​ချီ တက်​ရာ​လမ်း​ကြောင်း​မှ​နှင်​ထုတ်​၍ သင်​တို့​၏ နယ်​မြေ​ကို​တိုး​ချဲ့​ပြီး​သည့်​အ​ခါ​သင်​တို့​၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ပွဲ​တော်​ကြီး​သုံး​ခု​ကျင်း​ပ​နေ​ချိန်​အ​တွင်း၊ မည်​သည့်​ရန်​သူ​မျှ​သင်​တို့​ကို​မ​တိုက်​ခိုက် စေ​ရ။


``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-


ထို​ကြောင့်​ငါ​သည်​သင်​တို့​အား​မြို့​သုံး​မြို့ ကို သီး​သန့်​သတ်​မှတ်​ထား​ရှိ​စေ​ခြင်း​ဖြစ် သည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ