တရားဟော 19:6 - Common Language Bible6 အကယ်၍ခိုလှုံရာမြို့တစ်မြို့တည်းသာရှိ လျှင် ခရီးကွာဝေးလှသောကြောင့်သေသူ အတွက်လက်စားချေလိုသူက သတ်သူနောက် သို့လိုက်၍မီသော်ဒေါသအလျောက်အပြစ် မဲ့သူတစ်ယောက်ကိုသတ်မိနိုင်သည်။ စင်စစ် အားဖြင့်ထိုသူသည်မိမိ၏ရန်သူမဟုတ် သူကိုမတော်တဆသတ်မိခြင်းသာဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible6 မုန်း ထား ခြင်း ကင်း သည် ဖြစ်၍၊ သေ ဒဏ် မ ခံ ထိုက် သူ့ ကို စိတ် နာ သော သေ စား သေ စေ သူ သည် ခ ရီး ရှည် သ ဖြင့် လိုက် မီ လျက် သတ် မိ မည် စိုး သော ကြောင့်၊ အခန်းကိုကြည့်ပါ။Judson Bible6 သို့မဟုတ် သေစားသေစေသောသူသည် စိတ်မာန်ထစဉ်အခါ၊ လူသတ်ကိုလိုက်လျက် ခရီးဝေးသောကြောင့် မီ၍သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဖော်ကို ရန်ငြိုးဖွဲ့ခြင်းမရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။
ပမာအားဖြင့်လူနှစ်ယောက်တို့သည်တော ထဲသို့သစ်ခုတ်ရန်အတူသွားကြရာ၌ တစ် ယောက်ကသစ်ပင်ကိုခုတ်လှဲနေစဉ်ပုဆိန် သွားသည်အရိုးမှကျွတ်ထွက်၍ အခြား တစ်ယောက်ကိုထိမှန်သဖြင့် ထိုသူသေလျှင် သတ်မိသူသည်ထိုသုံးမြို့အနက် တစ်မြို့ မြို့သို့ထွက်ပြေးလျှင်အသက်ချမ်းသာ ခွင့်ရရှိနိုင်သည်။-