တရားဟော 19:2 - Common Language Bible2-3 ထိုပြည်ကိုသုံးပိုင်းပိုင်း၍တစ်ပိုင်းစီတွင် လွယ် ကူစွာသွားရောက်နိုင်သောမြို့တစ်မြို့ကိုရွေး ချယ်လော့။ လူတစ်စုံတစ်ယောက်ကိုသတ်မိ သောသူသည် ထိုမြို့များအနက်တစ်မြို့ မြို့သို့ပြေး၍ခိုလှုံနိုင်သည်။- အခန်းကိုကြည့်ပါ။Garrad Bible2 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ပိုင် ပေး တော် မူ သော ထို ပြည် တွင် မြို့ သုံး မြို့ ကို သီး ခြား ထား ရ သည့် အ တိုင်း၊ လူ သတ် တို့ ပြေး ဝင် ရ စေ ခြင်း ငှါ၊ အခန်းကိုကြည့်ပါ။Judson Bible2 သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ထဲ၌ မြို့သုံးမြို့ကို သီးခြားခွဲထားရမည်။ အခန်းကိုကြည့်ပါ။ |
``တစ်ချိန်တည်းမှာပင် ငါသည်သူတို့အား`ငါ တို့၏ဘုရားသခင်ထာဝရဘုရားသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်ရှိသောဤပြည် ကို သင်တို့အားသိမ်းယူစေတော်မူပြီ။ ယခု သင်တို့၏စစ်သူရဲတို့ကိုလက်နက်စွဲကိုင် စေလော့။ အခြားသောဣသရေလအနွယ် ဝင်တို့နယ်မြေရရှိရေးအတွက် စစ်ကူ တိုက်ခိုက်ရန်သူတို့အလျင်ယော်ဒန်မြစ် ကိုဖြတ်ကူးစေလော့။-
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-