တရားဟော 12:8 - Common Language Bible8 ``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊- အခန်းကိုကြည့်ပါ။Garrad Bible8-9 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ရန် ငြိမ်း ရာ ပိုင် စု သို့၊ မ ဝင် ရောက် သေး သည့် အ တွက် ကိုယ့် အလို ရှိ ရာ လူ တိုင်း လိုက် လျက်၊ ဤ နေ ရာ တွင် ငါ တို့ ပြု လေ့ ရှိ သည့် အ လျောက် မ ပြု မ ကျင့် ကြ ရ။ အခန်းကိုကြည့်ပါ။Judson Bible8 ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဉာဏ်ကိုလိုက်၍ မပြုရကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။