တရားဟော 12:21 - Common Language Bible21 အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။- အခန်းကိုကြည့်ပါ။Garrad Bible21-22 နာ မ တော် တည် ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ မည့် ဌာ န ဝေး ကွာ သည် ဖြစ် က၊ ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော နွား၊ သိုး၊ ဆိတ် တို့ အ နက် ငါ မိန့် မှာ ချက် အ တိုင်း၊ မြို့ ရွာ များ အ တွင်း စီ ရင် လျက်၊ သမင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ သင် တို့ မှ စ၍ မ သန့် သူ သန့် သူ တို့ ပါ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
ရောဗောင်သည်ယေရုရှလင်မြို့တွင် နန်းစံကာ ရာဇတန်ခိုးတိုးတက်လာလေသည်။ နန်းတက် စဉ်အခါကသူသည်သက်တော်လေးဆယ့်တစ် နှစ်ရှိ၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခုနစ်နှစ် နန်းစံတော်မူ၏။ ဣသရေလနွယ်အပေါင်းတို့ နေထိုင်ရာမြို့ရွာများအနက် ထိုမြို့ကိုထာဝရ ဘုရားသည်မိမိအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ်ရွေးချယ်ထားတော်မူသတည်း။ ရောဗောင်၏မယ်တော်မှာအမ္မုန်ပြည်သူ၊ နေမ ဖြစ်၏။-
ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
သင်တို့၏မြို့များတွင်နေထိုင်ကြသောသင်တို့ ၏သားသမီးများ၊ ကျေးကျွန်များ၊ လူမျိုးခြား များ၊ လေဝိအမျိုးသားများ၊ မိဘမဲ့ကလေး များ၊ မုဆိုးမများနှင့်တကွထာဝရဘုရား ၏ရှေ့တော်၌ပျော်ပွဲခံကြလော့။ ထိုပွဲတော် ကိုတစ်ခုတည်းသောဝတ်ပြုရာဌာနတော် တွင်ကျင်းပရမည်။-
``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-