တရားဟော 12:20 - Common Language Bible20 ``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ကတိတော်ရှိသည့်အတိုင်းသင်တို့၏ ပြည်နယ်နိမိတ်ကိုကျယ်ပြန့်စေတော်မူ သောအခါ သင်တို့သည်အသားကိုစား လိုသမျှစားနိုင်သည်။- အခန်းကိုကြည့်ပါ။Garrad Bible20 က တိ တော် အ တိုင်း ပြည် နယ် ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကျယ် ဝန်း စေ တော် မူ ပြီး လျှင်၊ အ မဲ သား ကို စား လို သော ဆ န္ဒ ရှိ သ ဖြင့် စား အံ့ ဟု ကြံ စည် သော်၊ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible20 သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း၊ သင်၏နေရာပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သင်၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း သင်၏နယ်မြေကို ကျယ်ဝန်းစေတော်မူသောအခါ သင်သည် အသားစားလိုသောစိတ်ရှိ၍ ‘ငါအသားစားမည်’ဟု ဆိုလျှင် သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း စားခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-