Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 11:31 - Common Language Bible

31 သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​လျက် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​ကို သိမ်း​ပိုက်​ရ​တော့​မည်။ သင်​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​ချ​နေ​ထိုင်​ကြ​သော အ​ခါ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 အ သို့ ဆို သော်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည် ကို ဝင် ရောက် ပိုင် ယူ ရန် ယော် ဒန် မြစ် ကို ကူး ချီ မည် ပြု ကြ သည့် အ လျောက်၊ ပိုင် ယူ နေ ထိုင် ရ ကြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို ဝင်​စား​ခြင်း​ငှာ၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး​သွား၍၊ ထို​ပြည်​ကို ဝင်​စား​လျက်​နေ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 သင်​တို့​သည် ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​တော့​မည်​။ ထို​ပြည်​ကို​သင်​တို့​ပိုင်ဆိုင်​၍ ထို​ပြည်​၌​နေထိုင်​ကြ​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 11:31
7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ထို​ပြည်​ကို​သင်​တို့​အား​ပေး​သ​ဖြင့် သင်​တို့​သည် ထို​ပြည်​ကို​သိမ်း​ပိုက်​၍​အ​ခြေ ချ​နေ​ထိုင်​ကြ​ရ​မည်။-


သင်​တို့​အား​ငါ​ယ​နေ့​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရန်​မ​မေ့​ကြ နှင့်။''


``သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​ကို​သိမ်း​ပိုက်​နေ ထိုင်​ကြ​သော​အ​ခါ ပတ်​ဝန်း​ကျင်​နိုင်ငံ​များ နည်း​တူ​ဘု​ရင်​တစ်​ပါး​ကို​နန်း​တင်​လို ကြ​ပေ​လိမ့်​မည်။-


``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နား​ထောင်​ကြ လော့။ သင်​တို့​သည်​ယ​နေ့​ယော်​ဒန်​မြစ်​တစ်​ဘက် သို့​ကူး​ပြီး​လျှင် သင်​တို့​ထက်​များ​ပြား​၍​အင် အား​ကြီး​သော​လူ​မျိုး​များ​၏​ပြည်​ကို​သိမ်း ယူ​ရ​တော့​မည်။ သူ​တို့​၏​မြို့​တို့​သည်​ကြီး​၍ မိုး​ထိ​မြင့်​သော​မြို့​ရိုး​ဖြင့်​ကာ​ကွယ်​ထား​၏။-


စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။


ဤ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘိုး​ဘေး​တို့​အား​ပေး​မည်​ဟု က​တိ​ထား​တော်​မူ​သော​ပြည်​တစ်​ပြည်​လုံး​ကို သူ​တို့​အား​ပေး​တော်​မူ​၏။ သူ​တို့​သည်​ထို​ပြည် ကို​သိမ်း​ပိုက်​၍​အ​ခြေ​စိုက်​နေ​ထိုင်​ကြ​လေ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ