တရားဟော 11:23 - Common Language Bible23 သို့မှသာလျှင်သင်တို့ချီတက်တိုက်ခိုက်သော အခါ သင်တို့ထက်ဦးရေများ၍အင်အားကြီး မားသည့်လူမျိုးတို့ကိုထာဝရဘုရားနှင် ထုတ်တော်မူသဖြင့် သူတို့၏ပြည်ကိုသင် တို့သိမ်းပိုက်နိုင်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 ထို လူ မျိုး ခြား တို့ ကို သင် တို့ ရှေ့၊ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ သည့် အ လျောက်၊ သင် တို့ ထက် ခွန် အား တန် ခိုး ကြီး သော လူ မျိုး များ ကို တိုက် ယူ နိုင် ကြ သ ဖြင့် အခန်းကိုကြည့်ပါ။Judson Bible23 ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည် ကိုယ်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို အစိုးရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 သို့ပြုလျှင် ထာဝရဘုရားသည် ဤလူမျိုးရှိသမျှတို့ကို သင်တို့၏ရှေ့မှ နှင်ထုတ်တော်မူလိမ့်မည်။ သင်တို့သည် သင်တို့ထက် များပြား၍ အားကြီးသောလူမျိုးတို့ကို နှင်ထုတ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ကောင်းမှုကုသိုလ်ကြောင့်ထာဝရ ဘုရားသည် ထိုပြည်ကိုသင်တို့အားပေးတော် မူသည်မဟုတ်။ ထိုသူတို့ဆိုးယုတ်သောကြောင့် လည်းကောင်း၊ သင်တို့၏ဘိုးဘေးများဖြစ်ကြ သောအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားထား ခဲ့သောကတိတော်ကိုတည်စေရန် အလိုတော် ရှိသောကြောင့်လည်းကောင်း ထာဝရဘုရား သည်ထိုသူတို့ကိုနှင်ထုတ်တော်မူမည်။-