တရားဟော 1:18 - Common Language Bible18 တစ်ချိန်တည်းမှာပင်သင်တို့ပြုရမည့်အမှု တို့ကိုငါညွှန်ကြားခဲ့၏။'' အခန်းကိုကြည့်ပါ။Garrad Bible18 လက် ခံ မည် ဟု မှာ လိုက် သည့် ပြင် ပြု ထိုက် လေ ရာ ရာ ကို၊ ထို အ ခါ သင် တို့ အား ငါ မှာ ခဲ့ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့ပြုရသမျှသော အမှုတို့ကိုလည်း ထိုအခါငါမှာထားခဲ့၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ထိုအချိန်က သင်တို့ပြုရမည့်အမှုအလုံးစုံတို့ကိုလည်း ငါပြောခဲ့၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
သူတို့ကိုအမြဲတမ်းတရားသူကြီးများ အဖြစ် လူတို့၏အမှုအခင်းများကိုစီရင် စေရမည်။ သူတို့သည်ခက်ခဲသောအမှုများ ကိုသင့်ထံသို့တင်ပြ၍ သေးငယ်သောအမှု များကိုသူတို့ကိုယ်တိုင်စီရင်ဆုံးဖြတ်စေ ရမည်။ ဤနည်းအားဖြင့်သူတို့သည် သင်၏ တာဝန်ကိုခွဲဝေထမ်းဆောင်ကြသော ကြောင့်သင့်အတွက်သက်သာလိမ့်မည်။-