တောလည် 9:19 - Common Language Bible19 မိုးတိမ်သည်တဲတော်အပေါ်တွင်အချိန်ကြာမြင့်စွာတည်ရှိနေသောအခါ သူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုနာခံ၍ခရီးဆက်ခြင်းမပြုကြချေ။- အခန်းကိုကြည့်ပါ။Garrad Bible19 နေ့ ရက် ကြာ မြင့် စွာ စံ ရာ တော် အ ထက် တိမ် တိုက် တည် နေ ခဲ့သော် ဣ သ ရေ လ အ မျိုး သား တို့ သည် ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ကျိုး နွံ လျက် မ ချီ ဘဲ နေ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible19 မိုးတိမ်သည် တဲတော်အပေါ်မှာ နေ့ရက်ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 မိုးတိမ်သည် ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ ရက်ပေါင်းများစွာတည်နေလျှင်လည်း အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ ထာဝရဘုရား၏ညွှန်ကြားချက်ကို စောင့်လျက်နေကြ၏။ အခန်းကိုကြည့်ပါ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အကယ် ၍သင်သည်ငါ၏ပညတ်တော်တို့ကိုလိုက်နာ ၍ သင့်အားငါပေးအပ်သည့်တာဝန်ဝတ္တရား များကိုဆောင်ရွက်မည်ဆိုပါမူ ငါ၏ဗိမာန် တော်နှင့်ဗိမာန်တော်တံတိုင်းတို့ကိုဆက်လက် စောင့်ထိန်းကြည့်ရှုခွင့်ရလိမ့်မည်။ ငါသည်လည်း မိမိ၏ရှေ့တော်တွင်ရှိသည့်ကောင်းကင်တမန် တို့၏ဆုတောင်းပတ္ထနာများကိုကြားတော် မူသည့်နည်းတူသင်၏ဆုတောင်းပတ္ထနာကို လည်းကြားတော်မူမည်။-