တောလည် 32:33 - Common Language Bible33 ထို့ကြောင့်မောရှေသည်အာမောရိဘုရင် ရှိဟုန်နှင့် ဗာရှန်ဘုရင်သြဃတို့ပိုင်သမျှ သောနယ်မြေနှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ ရွာများကိုဂဒ်အနွယ်ဝင်၊ ရုဗင်အနွယ်ဝင် နှင့်မနာရှေအနွယ်ဝင်တို့အားသတ်မှတ် ပေးလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible33 မော ရှေ သည် ဂဒ် အ နွယ်၊ ရု ဗင့် အ နွယ် သား တို့ နှင့် ယော သပ် သား မ နာ ရှေ့ အ နွယ် တစ် ဝက် အား အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း နိုင် ငံ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း နိုင် ငံ များ ကို မြို့ ရွာ ကျေး လက် နှင့် တ ကွ လယ် မြေ များ ပါ အပ် ပေး လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible33 ထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတစ်ဝက်၌ အပ်ပေးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 ထိုအခါ မောရှေသည် ဂဒ်သားမြေး၊ ရုဗင်သားမြေးများနှင့် ယောသပ်သား မနာရှေမျိုးနွယ်တစ်ဝက်အား အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး၏နိုင်ငံ၊ ဗာရှန်ဘုရင်ဩဃမင်းကြီး၏နိုင်ငံတို့ကို မြို့များနှင့်တကွ မြေများ၊ မြို့ပတ်ပတ်လည်ရှိ နယ်မြေများကိုပေးလေ၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-