တောလည် 30:3 - Common Language Bible3 အဖ၏အုပ်ထိန်းမှုအောက်တွင်ရှိနေသေး သောမိန်းမပျိုတစ်ဦးသည် ထာဝရဘုရား အားတစ်စုံတစ်ခုကိုဆက်သရန်ကတိပြု လျှင်သော်လည်းကောင်း၊ တစ်စုံတစ်ရာကို ရှောင်ကြဉ်ရန်သစ္စာဆိုလျှင်သော်လည်း ကောင်း၊- အခန်းကိုကြည့်ပါ။Garrad Bible3 အ ဘ အုပ် ထိန်း သော ပျို ရွယ် သူ မိန်း မ လည်း ထာ ဝ ရ ဘု ရား အ ဖို့ သ စ္စာ ဝတ် ထား ခြင်း၊ ကိုယ် ကို ချုပ် တည်း ရန် ဝန် ခံ ခြင်း ပြု သော်၊ အခန်းကိုကြည့်ပါ။Judson Bible3 မိန်းမသည် အဘအိမ်၌အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာကတိပြုသော်လည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ အခန်းကိုကြည့်ပါ။ |
ယေဖသသည်သူ့ကိုမြင်သောအခါစိတ် မချမ်းမသာဖြစ်လျက် မိမိအဝတ်ကိုဆွဲ ဆုတ်ကာ``အို ငါ့သမီး၊ သင်သည်ငါ၏စိတ်နှလုံး ကိုကြေကွဲစေလေပြီ။ ငါ့အားစိတ်ဝေဒနာ ခံစားစေသူမှာအဘယ်ကြောင့်သင်ဖြစ်ရ ပါသနည်း။ ငါသည်ထာဝရဘုရားအား ကြီးလေးသည့်သစ္စာကတိကိုပြန်လည်ရုတ် သိမ်း၍မရတော့ပါ'' ဟုပြော၏။
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။
ဇေဒကိသည်နေဗုခဒ်နေဇာမင်းကိုပုန်ကန် လေ၏။ နေဗုခဒ်နေဇာသည်မိမိ၏ကျေးဇူး သစ္စာတော်ကိုစောင့်ထိန်းရန် သူ့အားအတင်း အကြပ်ဘုရားသခင်၏နာမတော်ကိုတိုင် တည်ကျိန်ဆိုစေတော်မူခဲ့၏။ ဇေဒကိသည် ခေါင်းမာ၍နောင်တမရ။ ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ပြန်မလာဘဲနေလေသည်။-