| တောလည် 28:6 - Common Language Bible6 ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-အခန်းကိုကြည့်ပါ။ Garrad Bible6 သိ နာ တောင် ပေါ် တွင် စီ မံ တော် မူ သည့် အ လျောက် ထာ ဝ ရ ဘု ရား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ ဖြစ်၏။အခန်းကိုကြည့်ပါ။ Judson Bible6 ဤရွေ့ကား၊ သိနာတောင်ပေါ်မှာ စီရင်တော်မူသည်အတိုင်း၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသောပူဇော်သကာ၊ အစဉ်အမြဲပြုရသော မီးရှို့ရာယဇ်ဖြစ်သတည်း။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း6 ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် သိနာတောင်ပေါ်တွင်စီရင်ခဲ့သော မီးဖြင့်ပူဇော်သည့် ပုံမှန်မီးရှို့ရာယဇ်ဖြစ်၏။အခန်းကိုကြည့်ပါ။ | 
ကျွန်ုပ်သည်ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားဂုဏ်ပြုဆက်ကပ်ရန်ဗိမာန်တော် ကိုတည်ဆောက်လှူဒါန်းပါမည်။ ထိုဗိမာန် တော်သည်ကျွန်ုပ်နှင့်ပြည်သူတို့ဝတ်ပြုကိုး ကွယ်ရာဌာနတော်ဖြစ်လိမ့်မည်။ ထိုဗိမာန် တော်တွင်မွှေးကြိုင်သောနံ့သာပေါင်းမီးရှို့ ပူဇော်၍ရှေ့တော်မုန့်ကိုအဆက်မပြတ် ဆက်သလျက်နံနက်တိုင်းညတိုင်း၊ ဥပုသ် နေ့၊ လဆန်းပွဲနေ့နှင့်ကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားဂုဏ်ပြုသော အခြားနေ့ထူးနေ့မြတ်များ၌ မီးရှို့ပူဇော် ရန်သကာများကိုဆက်သမည်ဖြစ်ပါသည်။ ထာဝရဘုရားသည်ဣသရေလပြည်သူ တို့အား ဤသို့ထာဝစဉ်ပြုလုပ်ဆောင်ရွက် ရန်ပညတ်တော်မူပါသည်။-