တောလည် 23:1 - Common Language Bible1 ဗာလမ်က``ယဇ်ပလ္လင်ခုနစ်ခုကိုတည်လော့'' ဟု ဗာလက်အားစေခိုင်းလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ဗာ လမ် က၊ ပူ ဇော် ရာ ပ လ္လင် ခု နစ် ခု ကို ဤ တွင် တည် လျက် နွား ထီး ခု နစ် ကောင်၊ သိုး ထီး ခု နစ် ကောင် ကို လည်း စီ မံ ပါ လော့ ဟု တောင်း သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုအခါ ဗာလမ်က၊ ဤအရပ်၌ငါ့အဖို့ ယဇ်ပလ္လင်ခုနစ်ခုကို တည်လော့။ နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ပြင်ဆင်လော့ဟု ဗာလက်မင်းအားဆိုသည်အတိုင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထိုအခါ ဗာလမ်က ဗာလက်မင်းကြီးအား “ဤအရပ်၌ ငါ့အတွက် ယဇ်ပလ္လင်ခုနစ်ခုကိုတည်၍ နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ်ကောင်ကိုလည်း ပြင်ဆင်လော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ် ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊ မိမိတို့မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယောဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့ အကြောင်းအရာတို့ကို ဟုတ်မှန်စွာပြောသကဲ့သို့၊ သင်တို့ သည် မပြောသောအပြစ်နှင့် အလျောက်ငါစီရင်မည်ဟု မိန့်တော်မူ၏။
မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။-
ယဇ်ပူဇော်ရန်အတွက်မြေဖြင့်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်သင်တို့၏သိုး၊ နွား၊ ဆိတ်ယဇ် ကောင်လုံးကိုသော်လည်းကောင်း၊ မိတ်သဟာယ ယဇ်ကိုသော်လည်းကောင်း မီးရှို့ပူဇော်ရမည်။ ငါ့ အားဝတ်ပြုကိုးကွယ်ရန်သတ်မှတ်ထားသော အရပ်ခပ်သိမ်းသို့ ငါကြွလာ၍သင်တို့ကို ကောင်းချီးပေးမည်။-