တောလည် 22:31 - Common Language Bible31 ထိုနောက်ထာဝရဘုရားသည်ဗာလမ်အား ဋ္ဌားကိုင်၍ ရပ်နေသောကောင်းကင်တမန်ကို မြင်စေတော်မူသဖြင့် သူသည်မြေပေါ်တွင် ပျပ်ဝပ်၍နေလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible31 ထာ ဝ ရ ဘု ရား သည် ဗာ လမ့် စ က္ခု ကို ဖွင့် တော် မူ၍ ဓား လွတ် ကိုင် လျက် လမ်း၌ ရပ် နေ သော ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် ကို ဗာ လမ် မြင် သ ဖြင့် ဦး ညွတ် ပျပ် ဝပ် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည်မြင်သဖြင့် ဦးချ၍ပျပ်ဝပ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 ထိုအခါ ထာဝရဘုရားသည် ဗာလမ်၏မျက်စိကို ဖွင့်တော်မူသဖြင့် ထာဝရဘုရား၏ကောင်းကင်တမန်သည် ဓားကိုကိုင်လျက်လမ်း၌ရပ်နေသည်ကို ဗာလမ်မြင်၍ ဦးညွှတ်ပျပ်ဝပ်လေ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''