တောလည် 22:3 - Common Language Bible3 သူနှင့်တကွတိုင်းသူပြည်သားအပေါင်းတို့ သည် ထိတ်လန့်ကြောက်ရွံ့လာကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible3 မော ဘ လူ မျိုး တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ မြောက် များ သည့် အ တွက် ကြောက် လန့် ရွံ ရှာ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible3 ဣသရေလအမျိုးသားတို့သည် များပြားသောကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ကြ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးလူမျိုးတို့များပြားသောကြောင့် မောဘလူမျိုးတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ကြ၏။ မောဘလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။-
ဤသို့ပညတ်ရခြင်းမှာအမ္မုန်နှင့်မောဘ ပြည်သူတို့သည်ဣသရေလအမျိုးသား များအီဂျစ်ပြည်မှထွက်ခွာလာချိန်၌ အစာရေစာကိုမပေးဘဲနေခဲ့ကြသော ကြောင့်ဖြစ်၏။ ထိုပြင်ဗာလမ်ကိုငှား၍ ဣသရေလအမျိုးသားတို့အားကျိန်ဆဲ စေကြ၏။ သို့ရာတွင်ငါတို့ဘုရားသခင် သည်ထိုကျိန်ဆဲသောစကားကိုကောင်းချီး ပေးသောစကားဖြစ်စေတော်မူ၏။-