တောလည် 22:1 - Common Language Bible1 တစ်ဖန်ဣသရေလအမျိုးသားတို့သည် ခရီး ဆက်ခဲ့ကြရာယေရိခေါမြို့တစ်ဘက်၊ ယော်ဒန် မြစ်အရှေ့ဘက်ရှိမောဘလွင်ပြင်တွင်စခန်း ချကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ဣ သ ရေ လ အ မျိုး သား တို့ သည် ချီ ပြန်၍ ယေ ရိ ခေါ မြို့ တစ် ဘက်၊ ယော် ဒန် မြစ် အ နီး၊ မော ဘ လွင် ပြင်၌ စွဲ ရပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 တစ်ဖန် ဣသရေလအမျိုးသားတို့သည်ခရီးသွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ တဲဆောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 အစ္စရေးအမျိုးသားတို့သည် ခရီးပြုကြပြန်ရာ ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး မောဘလွင်ပြင်၌ စခန်းချကြ၏။ အခန်းကိုကြည့်ပါ။ |
မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။ အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
ဤအတောအတွင်း၌ဗာဗုလုန်ဘုရင်သည် ဣသရေလအမျိုးသားအချို့ကို ယုဒပြည် တွင်နေထိုင်ခွင့်ပြု၍ရှာဖန်၏မြေး၊ အဟိကံ ၏သားဂေဒလိကိုဘုရင်ခံအဖြစ်ခန့်ထား တော်မူကြောင်းမောဘပြည်၊ အမ္မုန်ပြည်၊ ဧဒုံ ပြည်နှင့်အခြားတိုင်းပြည်များရှိဟေဗြဲ အမျိုးသားအပေါင်းတို့ကြားသိကြလေ သည်။-