တောလည် 15:16 - Common Language Bible16 သင်တို့နှင့်သူတို့အတွက်ပြဋ္ဌာန်းချက်များ သည်လည်း တပြေးညီဖြစ်စေရမည်။ အခန်းကိုကြည့်ပါ။Garrad Bible16 သင် တို့၌ လည်း ကောင်း၊ ဝင် နေ သူ တို့၌ လည်း ကောင်း တ ရား တစ် ပါး၊ စီ ရင် ထုံး တစ် မျိုး တည်း သာ ရှိ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင်တည်းခိုသော တစ်ပါးအမျိုးသားတို့သည် တစ်ပါးတည်းသောတရား၊ တစ်ပါးတည်းသောထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း၊ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုမြို့များသည်ဣသရေလအမျိုးသားများ အတွက်လည်းကောင်း၊ အမြဲဖြစ်စေ၊ ခေတ္တဖြစ် စေနေထိုင်ကြသောလူမျိုးခြားတို့အတွက် လည်းကောင်း ခိုလှုံရာမြို့များဖြစ်ရမည်။ ကြို တင်ကြံရွယ်ခြင်းမရှိဘဲနှင့်လူတစ်ဦးအား သတ်မိသူသည်ထိုမြို့များအနက်တစ်မြို့ မြို့သို့ထွက်ပြေးခိုလှုံနိုင်သည်။
ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-
``ရပ်ဝေးတွင်နေထိုင်သည့်တိုင်းတစ်ပါးသား တစ်ဦးသည် ကိုယ်တော်၏ဂုဏ်သတင်းတော်ကို လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်အတွက် ပြုတော်မူသောကြီးမြတ်သည့်အမှုတော်များ အကြောင်းကိုလည်းကောင်းကြားရသဖြင့် ကိုယ် တော်အားဝတ်ပြုကိုးကွယ်ရန်ဤဗိမာန်တော် သို့လာ၍ဆုတောင်းပတ္ထနာပြုသောအခါ၊-